ကိုထင်ကျော်ကို နောက် ထပ် ထောင်ဒဏ် ၁ နှစ်နဲ့ ၄ လ ချမှတ်

2014-09-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ ဗဟန်းမြို့နယ်တရားရုံးရှေ့မှာ ဇူလိုင်လ ၉ ရက်နေ့ က ကိုထင်ကျော်ကို တွေ့ရစဉ်
ရန်ကုန်မြို့ ဗဟန်းမြို့နယ်တရားရုံးရှေ့မှာ ဇူလိုင်လ ၉ ရက်နေ့ က ကိုထင်ကျော်ကို တွေ့ရစဉ်
Photo:Kyaw Zaw Win/ RFA

‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု’ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်း နဲ့ထောင်ဒဏ် တစ်နှစ်၊ တရားမဝင်စီတန်း လှည့်လည်မှု ဆိုင်ရာ ပုဒ်မ ၁၈ အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ လ ကျခံဖို့ ဒီနေ့ မြောက်ဥက္ကလာပမြို့နယ်တရားရုံး က အမိန့်ချမှတ်ခဲ့ပါတယ်။

တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ ‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု’ အဖွဲ့ပြန်ကြားရေး တာဝန်ခံ ကိုကျော်လွင်က အခုလို ပြောပါတယ်။

"၁၈ ရက် ၄ လပိုင်းက ပြည်ထောင်စုအစိုးရကို အလိုမရှိ၊ ဆန္ဒပြတာကို ၅၀၅ (ခ) နဲ့ အရေး ယူတယ်၊ ညပိုင်းမှာ ဖယောင်းတိုင် မီးထွန်း ပြီးတော့ ဆန္ဒ ထုတ်ဖော်တာကို ပုဒ်မ (၁၈) နဲ့ ၄ လ ချတယ်၊ ပုဒ်မ (၁၈) နဲ့က ကျောက်တံတားမှာ ၃ လ သမီးကလေးကျေးရွာကို ဆန္ဒပြလို့၊ နောက် ပြီးတော့ ဗဟန်းမှာ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကို မရမ်းကုန်း ပြည်သူတွေခေါ်သွားလို့ အဲ့ဒီမှာ လည်း ၃ လ၊ အခုဒီမှာထပ်ချတာက ၄ လ"

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ကိုထင်ကျော်ကို မြို့နယ် ၁၁ မြို့နယ်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားပြီး ဒီနေ့ မြောက်ဥက္ကလာပမြို့နယ်အပါအဝင် ၉ မြို့နယ်က အမိန့်ချထားပြီးဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ မြို့နယ် ၉ မြို့နယ်က ပုဒ်မ ၅၀၅ (ခ) အတွက် ချမှတ်ထားတဲ့ ထောင်ဒဏ်စုစုပေါင်း ၈ နှစ်နဲ့ ၆ လ ကျခံရမှာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကိုထင်ကျော်ကို ရွှေပြည်သာမြို့နယ်တရားရုံးက နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမိန့်ချမှာဖြစ်ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

ကိုထင်ကျော်ကို နောက် ထပ် ထောင်ဒဏ် များများချမှတ်ခံရလျှင်
ကိုထင်ကျော်က နိုင်ငံတော်ကြည်ညို လာပါ လိမ့်မယ်

Sep 04, 2014 10:29 AM

ေမာရသုတ္ရြတ္ပါ

၈နှစ်၆လ = (၈x၁၂)+၆ = ၉၆+၆ = ၁၀၂ လ
ကိုထင်ကျော်.. ခင်ဗျားက အသက် (၁၀၂နှစ်)ရှိမှာ မဟုတ်သေးလို့ လပေါင်း“သက်စေ့”ချတာတော့ ဟုတ်ဟန် မတူဘူး။ ဇာတာမှာ“အသက်(၁၂၀)ရှည်စေသောဝ်” လို့ ရေး ထားလို့ဆိုရင်တော့ နောက်(၁၈လ)ပဲ။ Sorry ဗျာ။

Sep 03, 2014 04:00 PM

ဆိုက်တခုလုံးသို့