ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆု ပြန်လည်ရုပ်သိမ်း

2018-12-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: RFA

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ ၂ဝဝ၄ ခုနှစ်အတွက် ဂွမ်ဂျူး လူ့အခွင့်အရေးဆု ကို ပြန်လည်ရုပ်သိမ်းကြောင်း တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ May 18 Memorial Foundation မေ ၁၈ အမှတ်တရ ရန်ပုံငွေအဖွဲ့က ဒီကနေ့ ကြေညာလိုက်ပါတယ်။

အဖွဲ့ရဲ့ ပြောခွင့်ရသူတဦးက မိမိတို့ ချီးမြှင့်ခဲ့တဲ့ဆုဟာ လူ့အခွင့်အရေးကာကွယ်ရေးနဲ့ မြှင့်တင်ရေးအတွက် ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ ရက်စက်စွာပြုကျင့်ခံရတာနဲ့ ပတ်သက်ပြီး စာနာထောက်ထားမှု ပြသခြင်း မရှိတဲ့အတွက် ပြန်လည် ရုပ်သိမ်းရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ အခုလို ရုပ်သိမ်းဖို့ တနင်္လာနေ့မှာ သူတို့အဖွဲ့က ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျုးမြို့မှာ သမ္မတ ချန်ဒူးဝမ်လက်ထက် ၁၉၈ဝ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှု မှာ အစိုးရစစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ ၂ဝဝ ကျော်သေဆုံးခဲ့ရတဲ့အတွက် အောက်မေ့ဖွယ်အဖြစ် အဲဒီ ရန်ပုံငွေအဖွဲ့ကို ၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို၂ဝဝဝ ခုနှစ်မှာ စတင်ပေးအပ် ခဲ့ပါတယ်။ အဲဒီ ဆုကို ၂ဝဝ၄ ခုနှစ် ခီျးြမှင့်စဉ်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကျနေချိန်ဖြစ် တဲ့အတွက် သွားရောက်ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။

အခုလို ဂွမ်ဂျူးလူ့အခွင့်အရေးဆု ပြန်လည်ရုပ်သိမ်းတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ဝမ်းနည်းကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ကြပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့