ဒေသခံ ခုနစ်ဦး သေဆုံးမှုနဲ့ တပ်မတော်သား နှစ်ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀ စီချမှတ်

2019-09-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အနန်းကွင်းရွာမှာ တပ်မတော်သား နှစ်ယောက်က ပြည်သူ ၈ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကို ကျန်ရစ်သူမိသားစုက ၂၀၁၉ ဧပြီ ၁၁ ရက်နေ့က ရှင်းလင်းစဉ်
အနန်းကွင်းရွာမှာ တပ်မတော်သား နှစ်ယောက်က ပြည်သူ ၈ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကို ကျန်ရစ်သူမိသားစုက ၂၀၁၉ ဧပြီ ၁၁ ရက်နေ့က ရှင်းလင်းစဉ်
Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဧပြီလက ဒေသခံ ခုနှစ်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ တပ်မတော်သား နှစ်ဦးကို စစ်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀ စီချမှတ်လိုက်ပါတယ်။

ဒီပြစ်ဒဏ်ဟာ စစ်ပြေးမှု၊ မူးယစ်မှု၊ လက်နက်ခဲယမ်းမှုတို့အတွက် ချမှတ်လိုက်တာပါ။

လူသတ်မှု၊ အပြင်းအထန် ထိခိုက်နာကျင်စေမှုတို့အတွက် အရပ်ဖက်တရားရုံးက ဆက်လက်စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ဖို့ရှိသေးတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖဲ့ွက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ ပြောပါတယ်။

စစ်တရားရုံးဟာ တာဝန်ချိန်အတွင်း ဖြစ်ပွားတာကလွဲလို့ လူသတ်မှု၊ လူသေမှု၊ မုဒိန်းမှုတွေကို စစ်ဆေးခွင့်မရှိဘဲ အရပ်ဖက်တရားရုံးကိုသာ လွဲှပြောင်းပေးရတာလို့လည်း ဆိုပါတယ်။

ပစ်ခတ်ခဲ့သူတွေဟာ တပ်မတော်က တပ်သားအဆင့်တွေဖြစ်ပြီး တပ်ထဲကနေ ခွင့်မဲ့ပျက်ကွက်နေသူတွေလို့လည်း ဖြစ်ပါတယ်။

ဧပြီလ ၅ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာမှာရှိတဲ့ တပ်စခန်းမှာ ရိက္ခာလာထုတ်တဲ့ တပ်မတော်သား နှစ်ဦးက သေနတ်နဲ့ ပစ်ခဲ့တာကြောင့် အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ခုနှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီတပ်မတော်သား နှစ်ဦးကို စစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ စစ်တရားရုံးက ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဧပြီ ၉ ရက်နေ့က တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပြီးနောက် ၅ လအကြာမှာ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

(RFA သတင်းထောက် မဇင်မာဝင်း ပေးပို့သည်)

ဆိုက်တခုလုံးသို့