ကျောက်မဲမြို့အနီး ၁၂ ဘီးကား ပစ်ခတ်ခံရမှု လူ ၂ ဦး သေဆုံး


2018.09.08
kyaukme-attack-622 သေနတ်ထိမှန်ခဲ့သူကို ကျောက်မဲဆေးရုံကို ပို့ဆောင်စဉ်
ဓါတ်ပုံ - ချယ်ရီမြေလူမှုကူညီရေးအသင်း

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ကို ကျွဲတွေတင်ဆောင်ပြီး သွားခဲ့တဲ့ ၁၂ ဘီးကားတစ်စီးဟာ ဒီနေ့ မနက် ၇ နာရီခန့်က ကျောက်မဲမြို့အနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် ကားပေါ်မှာပါလာသူ အမျိုးသား၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့အကျော် ရထားသံလမ်းအနီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး သေနတ်ထိမှန်ခဲ့သူ ၂ ဦးကို ကျောက်မဲဆေးရုံ ကို ပို့ဆောင်စဉ် သေဆုံးခဲ့တာဖြစ်တယ်လို့ ကျောက်မဲမြို့က ဒေသခံ ဦးတင်မောင်သိန်းက RFA ကို ပြောပါတယ်။

"ပစ်ခတ်ခံခဲ့ရတဲ့ ကျွဲကားကို စစ်ဆေးကြည့်တဲ့အခါမှာတော့ တရားဝင်စာရွက်စာတမ်းနဲ့ သွားတဲ့ကား ဖြစ်နေတယ်။ တရားမဝင်သွားတဲ့ကားတွေ အပစ်မခံရဘဲ တရားဝင်သွားတဲ့ကားတွေ အပစ်ခံနေရတယ်"

အဲဒီနယ်မြေမှာ ရှမ်းလက်နက်ကိုင်အဖွဲ့ ရှိသလို၊ တအာင်းပလောင် TNLA လက်နက်ကိုင်အဖွဲ့လည်းရှိပြီး ဒေသခံတွေအနေနဲ့ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကို မှန်းဆလို့မရနိုင်ဘူးလို့ ပြောပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ မနေ့ညကလည်း ကျောက်မဲမြို့တစ်ဝိုက်မှာ သေနတ်သံတွေကြားခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။