ကျောက်ပန်းတောင်း NLD အမတ် အဖမ်းခံရ

2021-04-06
Share
ကျောက်ပန်းတောင်း NLD အမတ် အဖမ်းခံရ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် တိုင်းလွတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်ကို တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် တိုင်းလွတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ NLD အလုပ်အမှု ဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးအေးခိုင်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသွားပါတယ်။

"ရှောင်နေရာကနေ အိမ်ခဏပြန်အလာ၊ မြို့ထဲမှာ ဖုန်းဆက်နေတုန်းဖမ်းခံလိုက်ရတယ်။ ဖုန်းလည်းပါ သွားတယ်" လို့ မန္တလေးတိုင်း NLD ပါတီက အမည်မဖော်လိုသူတစ်ဦးက RFA ကိုပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပိုင် ရုံးခန်းတွေကို ချိတ်ပိတ်စစ်ဆေးတာတွေ ရှိနေပြီး၊ ပါတီတာဝန်ရှိသူတွေ အဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့