မဒေးကျွန်းအနီးပင်လယ်ပြင်မှာ ရေထုညစ်ညမ်းမှုကို စစ်ဆေး

2018-07-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ရေထုညစ်ညမ်းနေမှုကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်
ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ရေထုညစ်ညမ်းနေမှုကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Tun Kyi Kyi - facebook

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းအနီးတစ်ဝိုက် ပင်လယ်ပြင်မှာ ခန့်မှန်း အကျယ် ၃ မိုင်လောက်မှာ ရေထုညစ်ညမ်းနေတဲ့အတွက် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေက ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီရေနမူနာကိုယူပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးမယ်လို့ ဒီကနေ့သွားရောက်စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။

"ကျနော်တို့ကလည်း ပညာရှင်မဟုတ်တော့ ခွဲခြားလို့မရနိုင်ဘူးလေ၊ အဲဒါကြောင့်မို့ ခရိုင်နဲ့မြို့နယ် အုပ်ချုပ်ရေးမှူးကို FDA နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေကို ပို့ပေးပါလို့ အဲဒီရေတွေကို၊ ပို့ပေးမှအဖြေသိမှာလို့ မျက်မြင်တွေ့ချက်အရတော့ ကောက်ချက်ချလို့ မရနိုင်ပါလေ"

မဒေးကျွန်းကနေ ၅ မိုင်ခွဲလောက်အကွာအဝေးမှာရှိနေပြီး ခန့်မှန်းအားဖြင့် ၃ မိုင်လောက် အကျယ်ရှိတဲ့ အဲဒီရေကွက်ကြီးဟာ ရေတက်ရေကျ မျောနေတဲ့အနေအထားဖြစ်ပါတယ်။

မဒေးကျွန်းမှာ ရေနံတွေချက်လုပ်တဲ့ တရုတ်ကုမ္ပဏီက အညစ်အကြေးတွေကို ပင်လယ်ထဲစွန့်ပစ်တယ်ဆိုပြီး ဒေသခံငါးဖမ်းလုပ်သားတွေက ပြောကြတယ်လို့ ဦးဖိုးစံက ပြောပါတယ်။

ဆိုက်တခုလုံးသို့