ရခိုင်ဒေသခံ ၁၀ ဦးကို ထောင်ဒဏ်တွေ ချမှတ်


2013.05.10

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာပါဝင်တဲ့ ဒေသခံ ၁၀ ဦးကို စစ်တွေမြို့နယ်တရားရုံးက ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ အသီးသီးချမှတ်လိုက်တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ် ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ ကသစ်တောစတဲ့ ကျေးရွာတွေက ဒေသခံ ၁၀ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ(၃၇၉) ခိုးမှု၊ ပုဒ်မ (၄၃၆) မီးရှို့မှုစတဲ့ ပုဒ်မတွေနဲ့ အခုလို ထောင်ဒဏ်ချမှတ်လိုက်တာပါ။

ဒီအမှုအပေါ် တရားရုံးရဲ့ စစ်ဆေးမှုတွေမှာ သံသယဖြစ်စရာ အချက်တွေရှိနေတယ်လို့ အဲဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

အခုလို ဒေသခံတိုင်းရင်းသား ၁၀ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်လိုက်တာနဲ့ ပတ်သက်လို့ တရားရုံးအဆင့်ဆင့်ကို ဆက်လက်အယူခံဝင်ရောက်သွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။