ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ သြင်္ကန်ပွဲကျင်းပ

2014-04-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သြင်္ကန်အကျနေ့က ရန်ကုန်မြို့ရပ်ကွက်တစ်ခု မှာ ရေပက်နေသူများကို တွေ့ရစဉ်
သြင်္ကန်အကျနေ့က ရန်ကုန်မြို့ရပ်ကွက်တစ်ခု မှာ ရေပက်နေသူများကို တွေ့ရစဉ်
photo: Zarni Phyo Wai/ RFA

မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကျင်းပနေကြသလို တရုတ်မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာလည်း  မနေ့ကစတင်ပြီး  သြင်္ကန်ပွဲကျင်းပနေပါတယ်။

လိုင်ဇာမြို့မှာ ခရစ်ယာန်ဘာသာဝင်တွေ အများစုနေထိုင် ကြသလို ဗုဒ္ဓဘာသာဝင်တွေလည်း အများအပြားနေထိုင် ကြပါတယ်။ သြင်္ကန်ပွဲကို လိုင်ဇာမြို့တော်ဝန်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ကေအိုင်အို၊ ရခိုင့်တပ်မတော်၊ ABSDF စတဲ့ အဖွဲ့တွေလည်း ပူးပေါင်းပါဝင်ဆင်နွဲကြတယ်လို့ ပွဲဖြစ်မြောက်ရေးမှာ ပါဝင်သူတစ်ယောက်က ပြောပြ ပါတယ်။

"မနေ့က သြင်္ကန်အကြိုနေ့မှာ ရိုးရာယဉ်ကျေးမှုအကတွေနဲ့ သြင်္ကန်ဖွင့်ပါတယ်။ ဒီနေ့ကတော့ သြင်္ကန်အကျနေ့၊ မနက် ၉ နာရီမှာ ရိုးရာအကအလှတွေ၊ အဆိုအတီးတွေနဲ့ ၁၂ နာရီမှာ နားပြီးတော့ တစ်နာရီမှာ ပြန်စပြီး ဖျော်ဖြေမှာပါ။ ပထမနေ့က စတုဒီသာ ကြာဇံ၊ အခုဒုတိယနေ့ကတော့ စတုဒီသာက သာကူကြို။ ကျနော်တို့ဒီမှာက လိုင်ဇာမြို့မိမြို့ဖက အစုံပါပဲ။ လူမျိုးပေါင်းစုံရှိကြတဲ့အခါကျတော့ ရပ်မိရပ်ဖတွေရော၊ ရှမ်းတွေရာ၊ မြန်မာတွေရော၊ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့က ရဲဘော်ရဲမေတွေရော စုစုပေါင်းစည်းစည်းရုံးရုံးပါပဲ"

ကျန်တဲ့သြင်္ကန်ရက်တွေကိုလည်း ဆက်လက်ကျင်းပမှာဖြစ်ပြီး ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမှာသြင်္ကန်ပွဲကို အခုလို စနစ်တကျကျင်းပတာ ဒီနှစ်နဲ့ပါဆိုရင် ၂ နှစ်ရှိပြီဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့