တိုင်းနဲ့ပြည်နယ် တဝက်ကျော်မှာ မြေမြှုပ်မိုင်းတွေ ပြန့်ကြဲနေကြောင်း အီးယူပြော

2018-04-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြေမြှုပ်မိုင်းတစ်လုံးကို တွေ့ရစဉ်
မြေမြှုပ်မိုင်းတစ်လုံးကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် တဝက်ကျော်မှာ မြေမြှုပ်မိုင်းတွေ ပြန့်ကြဲနေတယ်လို့ ဥရောပကော်မရှင်က ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ မြေမြှုပ်မိုင်းသတိမူရေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထား တာပါ။

ကာလကြာရှည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခု ထဲက ၉ ခု မှာ မြေမြှုပ်မိုင်းတွေ အနှံ့အပြားရှိနေတာကြောင့် အဲဒီဒေသတွေရဲ့ လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးရေး အကြီးအကျယ် ထိခိုက်နေရတယ်လို့ ဥရောပကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တောင်သူလယ်သမားတွေအပါအဝင် မြေမြှုပ်မိုင်းဒဏ်ခံရသူတွေဟာ ခြေလက်အင်္ဂါ ဆုံးရှုံးပြီး ဒုက္ခိတဘ၀ ရောက်ရတဲ့အတွက် ဆင်းရဲတွင်းနက်သည်ထက်နက်၊ သားသမီးတွေပညာရေးလည်း ထိခိုက်ရကြောင်း၊ ၂၀၁၆ နဲ့ ၂၀၁၇ခုနှစ်တွေအတွင်း မြေမြှုပ်မိုင်းထိသူ လေးပုံတပုံဟာ ကျောင်းးသားအရွယ် ကလေးငယ်တွေဖြစ်ကြောင်း၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တွေ၊ တနင်္သာရီ နဲ့ ပဲခူးတိုင်းတွေမှာ မြေမြှုပ်မိုင်းအန္တရာယ် ပညာပေးလက်ကမ်းစာစောင်တွေကို ကျောင်းသားလူငယ်တွေနဲ့ ဆရာတွေ ပါဝင်ဖြန့်ေ၀ ဟောပြောခဲ့ကြရာမှာ အောင်မြင်မှုရခဲ့ကြောင်း၊ ဒါပေမဲ့ ဒါဟာ ရောဂါလက္ခဏာကို ကုသတာသာဖြစ်ပြီး၊ ရောဂါရဲ့ အကြောင်းရင်းခံကို ကုသဖို့ကတော့ အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးက မြေမြှုပ်မိုင်းကို လုံးဝအသုံး မပြုကြဖို့နဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ဖြစ်ကြောင်းလည်း ဥရောပကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့