မြေမြုပ်မိုင်း ဒဏ်ခံရသူ လျော့နည်းသွား

2014-12-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စစ်အစိုးရတပ်များ ထောင်ထားသော မြေမြုပ်မိုင်းများကို ပြန်လည် တူးဖော်ပြီးနောက်တွေ့ရစဉ်။
စစ်အစိုးရတပ်များ ထောင်ထားသော မြေမြုပ်မိုင်းများကို ပြန်လည် တူးဖော်ပြီးနောက်တွေ့ရစဉ်။
(Photo: Courtesy of Free Burma Rangers)

ကမ္ဘာပေါ်မှာ မြေမြုပ်မိုင်း ဒဏ်ကြောင့် သေကျေ ဒဏ်ရာ ရသူဦးရေဟာ ၁၄ နှစ်အတွင်း အနည်းဆုံး အဆင့်ကို ကျ ဆင်းလျော့နည်း သွားခဲ့ တယ်လို့ ICBL ခေါ် နိုင်ငံ တကာမြေမြုပ် မိုင်းတားဆီးရေး အဖွဲ့က ပြောကြားလိုက် ပါတယ်။

ဗုဒ္ဓဟူးနေ့မနေ့က ထုတ်ပြန်လိုက်တဲ့ ဒီအဖွဲ့ရဲ့ နှစ်ပတ် လည်အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် အတွင်း မြေမြုပ်မိုင်းကြောင့်သေဆုံးဒဏ်ရာရသူ ၃၃ဝဝ ခန့်ရှိတဲ့အတွက် ၂ဝ၁၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၅% ကျ ဆင်းခဲ့တာဖြစ်ပါတယ်။ မနှစ်က ထိခိုက်သေ ဆုံးခဲ့သူ၈ဝ% ဟာ အရပ်သားတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာ မြေမြုပ်မိုင်း ထုတ်လုပ်မှု မရှိသလောက် နည်းပါးသွားပြီဖြစ်ပေမယ့် မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့တောင်ကိုးရီးယားနိုင်ငံတွေ ကတော့ မိုင်းတွေကို ဆက်လက်ထုတ်လုပ်နေဆဲပဲလို့ ယုံကြည် ရကြောင်း နိုင်ငံတကာမြေမြုပ်မိုင်း တားဆီးရေးအဖွဲ့ ICBLရဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့