မြေမြှုပ်မိုင်းအန္တရာယ်ကာကွယ်ဖို့ ဗြိတိန်က ဒေါ်လာ တစ်သန်းနီးပါးထောက်ပံ့

RFA Burmese
2024.02.20
မြေမြှုပ်မိုင်းအန္တရာယ်ကာကွယ်ဖို့ ဗြိတိန်က ဒေါ်လာ တစ်သန်းနီးပါးထောက်ပံ့ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့လမ်းပိုင်းတွင် အိမ်စီးကားတစ်စီး မြေမြှုပ်မိုင်းထိပြီးနောက် ထိခိုက်သွားသူများအား ကူညီပေးနေစဉ်။
ဓာတ်ပုံ - ရွှေလွိုင်ကော် ပရဟိတအသင်း

မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်ကာကွယ်နိုင်ဖို့ အမေရိကန်ဒေါ်လာ တစ်သန်းနီးပါး ထောက်ပံ့ပေးသွားမယ်လို့ ဗြိတိန်အစိုးရက ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ထုတ်ပြန်ပါတယ်။

မြေမြှုပ်မိုင်း ဒါမှမဟုတ် ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် တစ်နှစ်အတွင်းမှာတင် မြန်မာနိုင်ငံက လူပေါင်း ၅ဝဝ ကျော် သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူသေဆုံးနှုန်း အများဆုံးနိုင်ငံတွေထဲ မြန်မာနိုင်ငံက ငါးနိုင်ငံမြောက်နေရာမှာရှိခဲ့တယ်လို့လည်း ပြောပါတယ်။

အခုထောက်ပံ့ငွေကို မြေမြှုပ်မိုင်းဒဏ်အများဆုံးခံနေရတဲ့ ဒေသ၊ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသမှာနေထိုင်သူတွေကို အသိပညာပေးဖို့ အဓိကအသုံးချသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခတွေ မြင့်တက်လာတာနဲ့အမျှ မြေမြှုပ်မိုင်းဒဏ်ကို အရပ်သားတွေ ပိုခံစားလာနေရပြီး ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဆိုးဆုံးလို့ ဒေသခံအကူအညီပေးရေးအဖွဲ့တွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။