ချင်းပြည်နယ်မြေပြိုမှု ၆ ဦး သေဆုံး


2015.08.05
hakha-land-slide-620.jpg ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ်
Photo: Chin World

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာပြီး မြေပြိုခဲ့တာကြောင့် ဟားခါးနဲ့ ပလက်ဝမြို့တို့မှာ သေဆုံးသူ ၆ ဦးရှိခဲ့ပါတယ်။

ဇူလိုင်လကုန်ပိုင်းက လမ်းပြင်နေသူ ၄ ဦး ရေစီးနဲ့မျောသွားတာ အခုချိန်ထိ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ ဟားခါးမြို့ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလွန်ကျဲအိုက ပြောပါတယ်။

"ပြီးခဲ့တဲ့မိုးရွာတဲ့အချိန်မှာပေါ့နော်၊ ဟားခါးနဲ့ ၁၈ မိုင်ဝေးတဲ့နေရာမှာ သေဆုံးတာတွေ ရှိတယ်၊ သူတို့အလောင်းလည်း အခုထိမတွေ့ရသေးဘူး၊ ရေကြီးတော့ချောင်းထဲပါသွားတာ၊ အနီးအနားမှာရှိတဲ့ ရွာကရှာတာ၊ ဒါပေမဲ့ မတွေ့ဘူး"

ပလက်ဝမြို့နယ်မှာ မြစ်ရေတက်ပြီး အိမ်တွေရေမြုပ်တာကြောင့် အိမ်ခြေ ၂၀၀ကျော်လောက် ပျက်စီးသွားသလို ဖလမ်းမြို့နယ်မှာလည်း အိမ်ခြေ ၉၀ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒီနေ့ထုတ် အစိုးရသတင်းစာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် သဘာဝဘေးဒဏ်ကြောင့် လူသေဆုံးမှု စုစုပေါင်း ၆၂ ယောက်ရှိတယ်လို့ ဖော်ပြထားပေမယ့် ချင်းပြည်နယ်မှာ သေဆုံးမှုမရှိဘူးလို့ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။