လက်ပံတန်းမှာ ဆန္ဒပြ ကျောင်း သား ကျောင်းသူ ၅ ဦး ဖမ်းဆီးခံရ


2015.03.06
letpadan-students-protester-305 လက်ပံတန်းမြို့ဈေးအနီးမှာ မတ်လ ၆ ရက်နေ့မနက်က ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၄ ဦးနဲ့ ကျောင်းသူ ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်
Photo: Kyaw Zaw Win/RFA

လက်ပံတန်းမြို့ ပင်မသပိတ်စခန်းကနေထွက်ပြီး လက်ပံတန်းမြို့ဈေးအနီးမှာ ဒီနေ့မနက်က ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၄ ဦးနဲ့ ကျောင်းသူ ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး သာယာဝတီမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

အခုအချိန်ထိ ပုဒ်မတပ်အရေးယူတာ မရှိသေးဘူးလို့ သာယာဝတီ ရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ ဆန္ဒပြကျောင်းသား တစ်ဦးဖြစ်သူ ကိုအောင်မင်းခန့် ကပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသူ၊ကျောင်းသား ၅ ဦးဟာ လက်ပံတန်းမြို့က သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတာကို ဖယ်ရှားပေးဖို့ ၊ မနေ့က ရန်ကုန်မှာ ကျောင်းသူ ကျောင်းသားတွေ အင်အားသုံးဖြိုခွင်းခံရတာကို ဒေသခံတွေသိရှိပြီး ဝန်းရံပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။