လက်ပံတန်းကျောင်း သားတွေ ပြန်မလွတ်သေး


2015.03.06
letpadan-students-protester-305 လက်ပံတန်းမြို့ဈေးအနီးမှာ မတ်လ ၆ ရက်နေ့မနက်က ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၄ ဦးနဲ့ ကျောင်းသူ ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်
Photo: Kyaw Zaw Win/RFA

လက်ပံတန်းမြို့မှာ မတ်လ ၅ ရက်နေ့က ဖမ်းဆီးလိုက်တဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသား ၅ ယောက်ကို ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

သူတို့ကို ကျောင်းသားခေါင်းဆောင်တချို့က မနေ့က သွားရောက်တွေ့ဆုံခဲ့ပေမဲ့၊ သူတို့အိမ်ပြန်မယ်ဆိုရင် ပို့ပေး မှာဖြစ်ပြီး၊ မပြန်ရင်အမှုဖွင့်အရေးယူမယ် လို့ရဲကပြော ဆိုကြောင်း အဲ့ဒီကျောင်းသားတွေကို သွားရောက် တွေ့ဆုံ ခဲ့တဲ့ ဗကသများအဖွဲ့ချုပ် မြောင်းမြခရိုင် ဥက္ကဌ ကိုမြတ်သူ က RFA ကိုပြောပါတယ်။

"အဲ့မှာကျနော်တို့ မနက် ၉ နာရီခွဲလောက်ကတည်း က တွေ့ခွင့်တောင်းပေမဲ့ တွေ့ခွင့်မရပဲနဲ့ နဲနဲ ကြာတော့မှ ကျနော်တို့ကိုတွေ့ခွင့်ပေးတယ်၊ တွေ့ ခွင့်ပေးတော့ ကျနော်တို့ကျောင်းသားတွေက အိမ်ပြန်မလားဆိုတော့ မပြန်ဘူးလို့ပြောတော့ သူတို့ကဥပဒေအရဆက်ဆောင်ရွက်မယ်လို့ပြော ပြီးတော့ ထိန်းသိမ်းထားတယ်ပေါ့ "

ဒဂုံတက္ကသိုလ်က ကိုရဲမျိုးဆွေ၊ ကျောက်ဆည်တက္ကသိုလ်က ကိုရဲရင့်ပိုင်မှူး၊ ကိုသာအေး၊ ကိုအောင်မင်းခန့်နဲ့ မန္တလေးရတနာပုံတက္ကသိုလ်က မအိသဉ္ဇာမောင် တို့ ၅ ယောက်ဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေ အကြမ်းဖက်နှိမ်နင်းခံရတဲ့ အကြောင်း လက်ပံတန်းဈေးအနီးမှာ ဟောပြောနေတုန်း ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ် လူအုပ်စုတစ်စု က ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

လက်ပံတန်းမြို့မှာ တားဆီးပိတ်ဆို့ခံနေရတဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ဒီမနက်ထိ အခြေအနေနဲ့ ပတ်သက်လို့  ဗကသများအဖွဲ့ချုပ် မြောင်းမြခရိုင် ဥက္ကဌ ကိုမြတ်သူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။