ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြလို့ အလုပ်သမားခေါင်းဆောင် ၈ဦးကို အမှုဖွင့်


2019.02.19
workers-protest-mdy-622.jpg မန္တလေးမြို့မှာ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အလုပ်သမားတွေ ဆန္ဒပြခဲ့စဉ်
Photo: Khaymani Win/RFA

အလုပ်သမားတရားရုံး ပေါ်ပေါက်ဖို့၊ မန္တလေးတိုင်းမှာ အလုပ်သမားဝန်ကြီး ခန့်အပ်ပေးဖို့၊ လွတ်လပ်တဲ့ အသင်း အပင်း ဖွဲ့စည်းခွင့်ရှိဖို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့ အလုပ်သမား ၈ဦးကို ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းမှာ ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်လိုက်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးက အလုပ်သမား ၅၀၀ လောက်ဟာ ဖေဖော်ဝါရီလ ၁၇ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒပြတောင်း ဆိုခဲ့တာဖြစ်ပါတယ်။

ဦးဆောင်သူတွေဟာ ခွင့်ပြုမိန့်တင်ပေမယ့် ဆန္ဒပြခွင့်တင်သူဟာ ရန်ကုန်က ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့က ခွင့်ပြုချက် မပေးခဲ့ဘူးလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။