ပညာရေးဥပဒေ သပိတ်မှောက်လို့ တရားစွဲခံရသူ ၂၉ ဦး ရှိပြီ


2014.12.17
students-protest-education-bill-sule-305.jpg ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ နိုဝင်ဘာ ၁၇ ရက်နေ့က အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့တရားစွဲခံလိုက်ရသူပေါင်း ၂၉ ယောက် ရှိသွားပြီလို့သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ၁၉ ယောက်နဲ့ သူတို့ကိုဝန်းရံကူညီ ပေး တဲ့သူ ၁ဝ ယောက်ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က RFA ကိုပြောပါတယ်။

တောင်ငူ၊ မုံရွာ၊ မြင်းခြံနဲ့ ပြည်မြို့နယ်တွေမှာ တရားစွဲ ခံရတာလို့ဆိုပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေ အနေနဲ့ ပုဒ်မ ၁၈ ကိုလက်မခံတဲ့အတွက် တရားစွဲလို့အာမခံယူရမှာ၊ ရုံးချိန်းသွားရမှာလက်ခံမှာ မဟုတ်ပဲ သက်ဆိုင်ရာကဖမ်းရင်လိုက်သွားဖို့ဆုံးဖြတ် ထားတယ်လို့ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေမှာ အဓိကပြင်ဆင်ရမယ့် အချက် ၉ ချက်ရှိတယ်လို့ ကျောင်းသားတွေက ထောက်ပြ ထားပြီး၊ ဒီကိစ္စတွေကို တွေ့ဆုံဆွေးနွေးပြင်ဆင်ဖို့ တောင်းဆိုထားပါတယ်။

ကျောင်းသားတွေ တရားစွဲခံလိုက်ရအကြောင်းနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။