ရန်ကုန်မှာ ရှေ့နေတွေ စုရုံးဆန္ဒပြ

2014-05-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှေ့ဟောင်းတရားရုံးအဆောက်အဦတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လွှဲပြောင်းပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပြင်ဆင်နေ မှုအပေါ် ရှေ့နေ့များကွန်ရက် က မေလ ၂၈ ရက်နေ့က ဒုတိယအကြိမ် ကန့်ကွက် ဆန္ဒဖော်ထုတ်စဉ်
ရှေ့ဟောင်းတရားရုံးအဆောက်အဦတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လွှဲပြောင်းပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပြင်ဆင်နေ မှုအပေါ် ရှေ့နေ့များကွန်ရက် က မေလ ၂၈ ရက်နေ့က ဒုတိယအကြိမ် ကန့်ကွက် ဆန္ဒဖော်ထုတ်စဉ်
Photo: Nay Myo Htun/RFA

ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးနဲ့ စုပေါင်းတိုင်း တရားရုံးကို ပြတိုက်နဲ့ ဟိုတယ်တွေအဖြစ် ပြောင်းလဲဖို့ ပုဂ္ဂလိကကုမ္ပဏီတွေက ပြင်ဆင်နေတဲ့အပေါ် မြန်မာနိုင် ငံ ရှေ့နေများကွန်ရက်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပြီး တစ်လအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ သက်ဆိုင်ရာကုမ္ပဏီတွေကို တရားစွဲဆိုသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးကနေ ကမ်းနားလမ်း စုပေါင်းတိုင်းတရားရုံးအထိ လမ်းလျှောက် ဆန္ဒပြဖော်ထုတ်မှုအပြီး တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရီက တရားစွဲဆိုမယ့်အကြောင်းကို အခုလို ပြောကြားခဲ့တာပါ။

"ဒီတရားရုံးကြီးကို ကျနော်တို့ အများပြည်သူများ၊ တရားသူကြီးများ၊ ရှေ့နေများ၊ သက်သေများ၊ အမှုသည်များအားလုံးက ဒီမှာအစဉ်တစိုက် နှစ်ပေါင်းများစွာ အသုံးပြုလာတဲ့ တရားဝင် အခွင့်အရေးကို ပိတ်ပင်လာတဲ့အတွက်ကြောင့်  ကျနော်တို့ တရားမကြောင်းအရ တရားစွဲဖို့ စီစဉ်လိုက်ပါပြီ၊ အခု ဒုတိယအကြိမ် ဆန္ဒပြပွဲပြီးလို့ တစ်လအတွင်းမှာ ကျနော်တို့ တရားစွဲဆိုမှာဖြစ်ပါတယ်"

ဒါ့အပြင် ဒီတရားစွဲဆိုမှုမှာ တရားလိုအဖြစ် ရှေ့နေဦးကြီးမြင့်နဲ့ တရားလိုအကျိုးဆောင်အဖြစ် ရှေ့နေများကွန်ရက် အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ  ဦးစိုးတင့်ရီတို့ ဦးဆောင်ပြီး တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

စုပေါင်းတိုင်းတရားရုံးကို ဟိုတယ်အဖြစ် ပြောင်းလဲအသုံးပြုဖို့ အတွင်းပိုင်းမှာ ပြင်ဆင်မွန်းမံနေတယ်လို့ သိရပြီး Flying Tiger ကုမ္ပဏီက တာဝန်ယူထားတယ်လို့ ရှေ့နေများကွန်ရက်က ပြောပါတယ်။
မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ လွှဲပြောင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး စုပေါင်းတိုင်းတရားရုံးရှေ့မှာ  ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ရှေ့နေတွေရဲ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင် ရှေ့နေ ဦးသိန်းသန်းဦး ကို RFA အဖွဲ့သား ဦးဘအောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (2)
Share

(

Don't use the word " private company" . It is " crony company".

May 30, 2014 10:11 PM

တူတူ ရေ ၀ါး

ဟို..ဟို.. ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦတွေကို ထိန်းသိမ်းစောင့်ရှောက်မယ့် ဥက္ကဋ္ဌ“သမိုင်းပညာယှဉ်ကြီး” ဘယ်ရောက်နေပါလိမ့်။

May 28, 2014 04:10 PM

ဆိုက်တခုလုံးသို့