မြောက်ဒဂုံမြို့နယ်က ရှေ့နေ ကိုသိန်းဇော်ဇော် ပုဒ်မ ၆၆-ဃနဲ့ ဖမ်းဆီးခံရ


2017.05.05
theinzawzaw-620.jpg ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ တရားစွဲခံရတဲ့ ရှေ့နေ ကိုသိန်းဇော်ဇော် ကို တွေ့ရစဉ်
Photo: TheinZaw Zaw (facebook)

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၅ ရပ်ကွက်မှာနေထိုင်တဲ့ ရှေ့နေ ကိုသိန်းဇော်ဇော်ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ တရားစွဲပြီးနောက် မေလ ၄ ရက် မနေ့က အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သတင်းရရှိပါတယ်။

ကိုသိန်းဇော်ဇော်ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပွဲစားနဲ့ပေါင်းပြီး မြေလွတ်တွေ ရောင်းစားနေတယ်ဆိုပြီး တိုင်တန်းတဲ့အပြင်၊ အဲဒီအကြောင်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက facebook မှာ ရေးသားခဲ့မှုနဲ့ တရားစွဲခံရတာလို့ ဒီအမှုကိုလိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကို ပြောပါတယ်။

အဲဒီဖြစ်ရပ်မှာ မြေကွက်ဝယ်သူဆိုတဲ့ အမျိုးသမီးက ရှေ့နေ ကိုသိန်းဇော်ဇော်၊ ဦးကျော်အေးနဲ့ ဦးလှဝင်း ဆိုသူတို့ကို ပုဒ်မ-၃၅၄ ကာအိန္ဒြေ ပျက်စေမှုနဲ့ တရားစွဲထားပြီး၊ မနေ့ကမှ ကိုသိန်းဇော်ဇော် တယောက်တည်းကို ပုဒ်မ ၆၆-ဃ တပ်ပြီး ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

ကိုသိန်းဇော်ဇော်ကို မေလ ၁၇ ရက်နေ့ကျရင် မြောက်ဒဂုံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။