ဦးနေဝင်း၏ သားမက်နှင့်မြေးများ သေဒဏ်မှ တသက်တကျွန်းသို့လျှော့
2011.05.19
နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)
PHOTO: AFP
မေလ ၁၇ ရက်နေ့က အင်းစိန်ထောင်တွင် ပြည်တွင်း ပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံစဉ်မှာ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက အခုလို ပြောကြားတာ ဖြစ်ပါတယ်။
ဦးနေဝင်း သားသမက်နှင့် မြေးများ အပါအဝင် အစိုးရက သေဒဏ်ကနေ ကင်းလွတ်ခွင့်ပြုတဲ့ အကျဉ်းသား ၃၄၀ ကျော် ရှိတယ်လို့ သိရှိရပါတယ်။
ဒါပေမဲ့ သမတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ပြန်လွတ်လာတဲ့ အကျဉ်းသားပေါင်း ၁၄,၆၀၀ ထဲမှာ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၅၀ မပြည့်ဘူးလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းမှာတော့ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၇ ဦး ရှိတယ်လို့ ဆိုပါတယ်။









