ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် လစ်သူယေးနီးယားနိုင်ငံ ထောက်ခံ
2010.09.28
ရွှေဝါရောင် သံဃာနှင့် လူထု အုံကြွလှုပ်ရှားမှုကြီးကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရသော လူငယ်တဦးကို ၂၀ဝ၇ စက်တင်ဘာ ၂၈ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အဖွဲ့ ဖြစ်တဲ့ Burma Campaign UK ကလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လစ်သူယေးနီးယား အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂကနေ တဆင့် ဆောင်ရွက်သွားဖ့ ို လစ်သူယေးနီးယားအစိုးရက ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ မြန်မာ့အရေး လူပ်ရှားဆောင်ရွက်သူ Burma Campaign UK တာဝန်ခံ မဇိုရာဖန်းက ရှင်းပြပါတယ်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ချက်သမတ နိုင်ငံ၊ ဗြိတိန် ၊ ဆလိုဗေးကီးယား ၊ ဟန်ဂေရီ၊ နယ်သာလန်နဲ့ ပြင်သစ်နိုင်ငံနဲ့ပါဆိုရင် လစ်သူယေးနီးယားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမဲ့ အစီအစဉ်ကို ထောက်ခံတဲ့ သတ္တမမြောက် နိုင်ငံဖြစ်ပါတယ်။
ဥရောပသမဂ အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်တဲ့ သြစတြေးလျ၊ အမေရိကန် ၊ ကနေဒါနဲ့ နယူးဇီလန်နိုင်ငံတွေ အပါအဝင် ဆိုရင် စုစုပေါင်း ၁၁ နိင်ငံ ရှိသွားပြီ ဖြစ်ပါတယ်။









