ရေကာတာစီမံကိန်းတွေ ဖျက်သိမ်း ဖို့ မြစ်ဆုံဒေသခံတွေ တောင်းဆို

2016-03-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို မတ်လ ၁၄ ရက်နေ့က မေခနဲ့ မလိခ ပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံဒေသမှာ ကျင်းပပြုလုပ်စဉ်
အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို မတ်လ ၁၄ ရက်နေ့က မေခနဲ့ မလိခ ပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံဒေသမှာ ကျင်းပပြုလုပ်စဉ်
Photo: Kyaw Myo Min/RFA

ဧရာဝတီမြစ်ဆုံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားမှာ မြစ်ဆုံစီမံကိန်း အပါအ၀င် ရေကာတာစီမံကိန်းအားလုံးကို အကောင်အထည်မဖော်ဖို့ ဒေသခံတွေက အစိုးရသစ် ကို တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို မေခ နဲ့ မလိခ ပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံမှာ ဒေသခံတွေ စုပေါင်းကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားမှာ တန်ဖရဲရွာသူ ဒေါ်ဂျာခေါန် က ဒေသခံအားလုံးကိုယ်စား တောင်းဆိုလိုက်တာဖြစ်ပါတယ်။

"NLD အစိုးရကလည်း ဒီမြစ်ဆုံစီမံကိန်းကို၊ မြစ်ဆုံနားမှာ ဆောက်တဲ့စီမံကိန်းကို ပြည်သူလူထု ကန့်ကွက်တယ် တဲ့၊ မြစ်ဆုံမှာမလုပ်ဘဲနဲ့ တခြားနေရာမှလုပ်မယ်ဆိုပြီး အဲ့လိုသတင်းကြားရတယ်၊ ကျမတို့ ဒေသခံတွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေလည်းမရှိဘူး၊ ကျမတို့ကတော့ ရေကာတာကို လုံးဝကန့်ကွက်တယ်၊ မလုပ်စေချင်ပါဘူး၊ ကျမတို့ရဲ့ မေခ၊ မလိခအထက်မှာရော ဧရာဝတီရဲ့ အထက်မှာရော သန့်သန့်ရှင်းရှင်းပဲ ဧရာဝတီနဲ့ မေခ၊ မလိခ မြစ်ချောင်းတွေအားလုံးကို သဘာဝအတိုင်းပဲ စီးဆင်းစေလိုပါတယ်၊ ကျမတို့က မြစ်ဆုံစီမံကိန်းကိုသာမက အခြားစီမံကိန်းကိုလည်း ကန့်ကွက်နေပါတယ်"

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲ၊ လဖျဲ့ကထောင်၊ မလိယန်၊ မြစ်ဆုံစတဲ့ ကျေးရွာတွေကနေ အောင်မြင်သာကျေးရွာမှာ ပြောင်းရွှေ့နေထိုင်နေရတဲ့ ဒေသခံရွာသားတွေ စုပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကို ဒေသခံတွေနဲ့ ဧရာဝတီမြစ်ဆုံအရေး စိတ်ဝင်စားသူ ငါးရာဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။ ဟိန္ဒူ နဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတွေ၊ ဓမ္မဆရာတွေဟာ ဧရာဝတီမြစ် ကမ္ဘာတည်သရွေ့ အေးချမ်းစွာစီးဆင်းနေစေဖို့ ဆုတောင်းခဲ့ကြပါတယ်။

တက်ရောက်လာသူတွေကလည်း ဧရာဝတီ အမှတ်တရတေးသီချင်းတွေ သီဆိုခဲ့ကြပြီး၊ ကချင်ရိုးရာဝါးခွက်တွေနဲ့ ဧရာဝတီမြစ်ရေကို ခပ်ယူသောက်သုံးကြသလို၊ နှင်းဆီးပန်းတွေကိုလည်း ဧရာဝတီမြစ်တွင်း မျှောလွှတ်ခဲ့ကြ ပါတယ်။

အလားတူ အခမ်းအနားတွေကို ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်နဲ့ ကယားပြည်နယ် ဖာဆောင်းမြို့နယ်တို့မှာ ကျင်းပခဲ့ကြပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားကို မေခ နဲ့ မလိခ ပေါင်းဆုံတဲ့ ဧရာဝတီ မြစ်ဆုံ၊ ကယားပြည်နယ် ဖားဆောင်းမြို့နဲ့ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်တို့မှာ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကျင်းပခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူ က တင်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့မှာ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်ကလည်း ကြေငြာချက် တစ်စောင်ထုတ်ပြန်ပါတယ်။ ကွန်ရက်အဖွဲ့ဝင် စောဂျွန်ဘရိုက် ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (4)
Share

တာဝန်ယူ တာဝန်ခံရမယ်

ရေကာတာစီမံကိန်းတွေကို လက်သိပ် ထိုး ပြီးလုပ်ထားတဲ့စာချုပ်တွေ သူတို့ဆင်းသွားရင်စာချုပ်တွေလည်းပျက်ပျယ်ပြီလို့မှတ်ကြရမယ်
ဒီ စာချုပ်တွေ သူတို ပြန် ပြီး တာဝန်ယူ တာဝန်ခံရမယ်

Mar 16, 2016 08:12 PM

အ​မေစုအစိုးရကို ယုံကြည်​ပါသည်

အာဏာမရရင်​လည်းမ​ပေးလို့  ​ပြောအုန်းမယ်​အနိုင်​ရပြန်​​တော့လည်း ​ဂျောက်​ချလို့ ​ပြောပြန်​​ရော၊အ​ပြောအဆိုက ဘယ်​ဟာမှ မလွတ်​ပါဖူး၊အခုအချိန်​က အဲဒီစကား​တွေ​ပြော ရမဲ့အချိန်​မဟုတ်​ပါဖူး ဦးသိန်းစိန်​အနိုင်​ရလည်း နိုင်​ငံဂုဏ်​သိတ်​ခါအရ ​နောက်​၅နှစ်​ထပ်​ဆိုင်းငံလို့ မရသလို အ​မေစု အနိုင်​ရရင်​လည်း ဒီအတိုင်းပါပဲ၊ ဒီကိတ်​စက အ​မေစု အစိုးရ ကပြည်​သူ အားလုံးရဲ့ ဖြစ်​ခြင်​တာကို လစ်​လျူရှမှာမဟုတ်​ပါဖူး၊ စီးပွား​ရေးအကျိုးအမြတ်​ထက်​ Ayeyarwaddy ဖြစ်​​ပေါ် လာတဲ့မြစ်​ဆုံဆိုတဲ့အနှစ်​သာရက ဘယ်​လိုမှတန်​ဖိုးဖြတ်​လို့  မရပါဖူး၊မြစ်​ဆုံမှာ ဆည်​​ဆောက်​မှ အလင်းရမှာမဟုတ်​ပါဖူး၊တခြားနည်းလမ်း​တွေရှိပါတယ်​၊ဒီValueကိုအားလုံးနားလည်​မယ်​ယုံကြည်​ပါတယ်​။ပြည်​သူအားလုံးသည်​ အ​မေစု အစိုးရ က ဒီကိတ်​စကို လိုက်​​လျောပီး ဦးကျိုးခံမှာ မဟုတ်​သ လိုမဲ​ပေးခဲ့တဲ့ ပြည်​သူ့ လိုအင်​ကိုဖြည့်​ဆည်း​ပေးမယ်​လို့ အပြည့်​အ၀ယုံ ကြည်​ စွာ​မျှော်​လင့်​​နေကြပါတယ်​။

Mar 16, 2016 03:21 AM

အမည်မဖော်လိုသူ

သူတို့ ကတော့ ရသမျှ ယူပြီး ဖုတ်ဖက်ခါ ထွက်သွားပြီး NLD နဲ့  ပြည်သူတွေ တစ်သက် ခံ ပေရော့။ အဲဒါ ချေက်ချ သွားတာ။

Mar 15, 2016 10:20 AM

ထပ်​တူကျပါလိမ့်​မည်

အ​မေစုအစိုးရသည်​ ပြည်​သူ့ လိုလားချက်​ကို ဆန့်ကျင်​မည်​မထင်​ပါ၊အ​ကြောင်းမှာကချင်​ပြည်​သူ​ရောတတိုင်းပြည်​လုံးက  ပြည်​သူများသည်​ စီးပွား​ရေးနိုင်​ငံ​ရေးအခင်းအကျင်းသစ်​ကို ​မျှော်​လင့်​ပီး NLDကို မဲ​ပေးခဲ့တာပါကိုနားလည်​ပါသည်​။။ဒါ​ကြောင့်​ပြည်​သူအားလုံး နှင့်​ထပ်​တူကျမည်​ယုံကြည်​ပါသည်​။

Mar 14, 2016 06:34 AM

ဆိုက်တခုလုံးသို့