ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေး တိုက်ရိုက်ခန့်မည်

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို မဲဆန္ဒနဲ့ ရွေးကောက် တင်မြှောက်မှာမဟုတ်ဘဲ ဒေသ အာဏာပိုင်တွေက တိုက်ရိုက် ခန့်အပ်တဲ့ စနစ်ကို ကျင့်သုံးဖို့ နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူလွှတ်တော် ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
2011-09-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်နေသည်ကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)

(Photo: AFP/MRTV 4)

ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လူထုဆန္ဒမဲနဲ့ ရွေးချယ်ဖို့ အဆို တင်သွင်းခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဦးကိုကို က အဲဒီ အဆိုကို လက်မခံဘဲ ဆန့်ကျင်ဘက် အဆိုတင်သွင်းပြီး မဲခွဲ ဆုံးဖြတ် ပယ်ချ ခဲ့တယ်လို့ သိပါတယ်။

ဒါ့အပြင် ညအိပ် ဧည့်သည်တွေကို ဧည့်စာရင်း တိုင်တဲ့အခါမှာ ငွေကြေးမယူဖို့ ဦးသိန်းညွန့်က ဆက်လက် တင်သွင်းခဲ့တာကိုလည်း ပြည်ထဲရေးဝန်ကြီးက သဘောမတူကြောင်း ပြန်လည်ဆွေးနွေးပြီး မဲခွဲကာ ပယ်ချ ခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

စာလုံးပေါင်းသတ်ပုံ ခေါင်းစဉ်မှာ တက်ပြီးမှားနေတာ ရုပ်ဆိုးပါတယ်။

Sep 17, 2011 04:49 AM

အမည်မဖော်လိုသူ

Bloody jokers. What kind of democracy is this.

Sep 16, 2011 06:56 PM

ဆိုက်တခုလုံးသို့