လက်ပံတောင်းအရေးလှုပ်ရှားမှုနဲ့ ကိုအောင်စိုးကို ထောင်ဒဏ် ၁ဝ နှစ်ချမှတ်


2013.07.09

ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့င် ကိုအောင်စိုးကို လက်ပံတောင်းအရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရွှေဘိုမြို့နယ်တရားရုံးမှာ မနေ့က ပြစ်မှုပေါင်း ၈ ခုနဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

အခုလို အမိန့်ချခံရတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး တရားရုံးသွားရောက်ခဲ့သူ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့င် မမိုးမိုးက RFAကို ပြောပါတယ်။

"ပထမတစ်ကြိမ် အမှုချတာကတော့ ၁၈၈ နဲ့ ချတာ၊ အဓိကကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သင်္ကန်းကိုအလံလုပ်တာပေါ့ အဲဒါကျတော့ ဘာသာသာသနာညှိးနွမ်းစေမှုပေါ့၊ ပြီးရင် တရားမဝင်လူစုလူဝေး သွေးထိုးလှုံ့ဆော်မှု ၈ မှုနဲ့ ထောင် ၁ဝ နှစ်ချလိုက်တာ၊ ပထမအမိန့်ရယ်၊ ဒုတိယအမိန့်ရယ် အကုန်လုံးပေါင်းလိုက်ရင်တော့ ၁၁ နှစ်ခွဲပေါ့၊ မနေ့က ရွှေဘိုမြို့နယ်တရားရုံးမှာ အမိန့်ချလိုက်တာ"

ကိုအောင်စိုးကို အခုလို ပြစ်မှုတွေအများကြီးနဲ့ အမိန့်ချလိုက်တဲ့အတွက်သူ့အမှုကို ဆောင်ရွက်ပေးနေတဲ့ ရှေ့နေက အယူခံင်သွားဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။မနေ့က လက်ပံတောင်းအရေးကိစ္စနဲ့ ပတ်သက်ပြီး အမိန့်ချမှတ်လိုက်တဲ့အထဲမှာ ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့င် ကိုအောင်စိုးအပြင် လက်ပံတောင်းဒေသခံ ဆည်ထဲရွာသား ကိုစိုးသူနဲ့ ကိုမောင်စန်းတို့ကိုလည်း လက်ပံတောင်းအရေးကိစ္စမှာ ဆူပူအောင်လှုံ့ဆော်မှု၊ တားမြစ်မိန့်ချိုးဖောက်မှု၊ တရားမင် လူစုလူေးလုပ်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ မမိုးမိုးက ပြောပါတယ်။

ကိုအောင်စိုးနဲ့ အဲဒီရွာသား၂ ယောက်ကို ပြီးခဲ့တဲ့ ဧပြီလ၂၅ရက်နေ့က လက်ပံတောင်းဒေသခံတွေ လယ်ယာမြေတွေပေါ် လယ်ထွန်ယက်စိုက်ပျိုးချိန် စီမံကိန်းလုံခြုံရေးတပ်ဖွဲ့င်တွေရဲ့ အကြမ်းဖက်တိုက်ခံရတဲ့အချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ပြစ်ဒဏ်ချမှတ်လိုက်တဲ့အတွက် သူတို့ကို ရွှေဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။