ပြည်သူတွေ မကျေနပ်ရင် လက်ပံတောင်းကိစ္စ လွှတ်တော်ပြန်တင်မည်


2013.07.12

လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါအတိုင်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြည်သူတွေကျေနပ်အောင် ဆောင်ရွက်မပေးဘူးဆိုရင် လွှတ်တော်ထံ တင်ပြသွားမယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်အဖွဲ့င် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အပြီးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ပြည်သူ့သဘောထား၊ ပြည်သူ့ဆန္ဒအတိုင်း ထပ်မံတင်ပြသွားဖို့ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဖြေကြားပါတယ်။

"ကျမတို့ကတော့ ကော်မရှင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ရော၊ ဒေသခံအနေနဲ့ရော၊ ဒီအဆိုကိုတင်သွင်းရတဲ့ အဆိုရှင်တစ်ယောက်အနေနဲ့ရော ဒီကနေ့အကောင်အထည်ဖော်တဲ့ ကော်မတီရဲ့ဆောင်ရွက်ချက်ကို ကျမတို့အနေနဲ့ စောင့်ကြည့်နေတဲ့ အနေအထားရှိပါတယ်၊ ပြည်သူလူထုက တကယ်တမ်း ဒီဟာအပေါ်မှာ မကျေနပ်ဘူး၊ လက်မခံဘူး၊ ကျမတို့ရဲ့ ပြီးပြည့်စုံတဲ့ အစီရင်ခံစာရဲ့အပေါ်မှာ အစီရင်ခံစာအတိုင်း မဆောင်ရွက်ဘူးဆိုရင်တော့ ကျမက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လွှတ်တော်ထဲမှာ ထပ်မံပြီးတင်ပြရမှာဖြစ်သလို ပြည်သူ့ရဲ့ဆန္ဒ၊ ပြည်သူ့ရဲ့အသံကို ထပ်မံပြောကြားရဦးမှာဖြစ်ပါတယ်"

လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်ဆောင်ရွက်မယ့် ကော်မတီအနေနဲ့လည်း အစီရင်ခံစာပါအတိုင်း လိုက်နာဆောင်ရွက်မှုတွေ အားနည်းနေတယ်လို့ ဒေါ်ခင်စန်းလှိုင်က ေဖန်လိုက်ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေအနေနဲ့လည်း မိမိတို့လိုအပ်ချက်တွေရှိရင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါင်တဲ့ အချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ့်ကော်မတီထံ တောင်းဆိုသင့်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။