လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကန့် ကွက်ဆန္ဒပြပွဲတွေ ကျင်းပမယ်

2014-05-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့  မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ ဆောင်ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့် ကွက်ဆန္ဒပြပွဲကို ဒီကနေ့  မနက်နဲ့ ညနေမှာ လက်ပံတောင်းတောင်ဒေသမှာရော ရန်ကုန်မြို့ မှာပါပြုလုပ်ကြမယ် လို့ သိရပါတယ်။

လက်ပံတောင်းမှာ မီးလောင်ဗုံးနဲ့ ပစ်ခတ်နှိမ်နင်းခံရမှု ၁ နှစ်ခွဲပြည့်တဲ့နေ့ အဖြစ် ဆန္ဒပြဆုတောင်းပွဲ ပြုလုပ်မှာဖြစ်တယ် လို့ ဒေသခံဆရာတော် ဦးစန္ဒာသီရိက RFA ကို မိန့် ပါတယ်။

"ဒီနေ့ဟာဆို ဦးဇင်းတို့ ၁ နှစ်နဲ့ ၆ လမြောက်ပေါ့နော်၊ ဦးဇင်းတို့ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ ဒါအဲ့ဒီအကြောင်းကိစ္စတွေ ဦးဇင်းတို့ဒေသ အကြမ်းဖက်မှုတွေ နောက်ထပ်မလုပ်အောင် ဆိုပြီးတော့ ဦးဇင်းတို့ ဒေသလူတွေ ငြိမ်းချမ်းအောင်လို့၊ ပြေလည်အောင်လို့ဆိုပြီး ဒါလူထုဆုတောင်းပွဲပုံစံနဲ့ လုပ်သွားမှာပေါ့"

ရန်ကုန်မှာပြုလုပ်မယ့် ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ လဲ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်က ပြောပါ တယ်။

"၃ နာရီလောက်ကနေစမှာပေါ့နော်၊ မဟာဗန္ဓုလပန်းခြံကနေ ချီတက်ပြီးသွားမှာပေါ့နော်၊ အဲ့ဒီကနေ ပတ်ပြီးတော့မှ ဆူးလေပေါ်တက်ပြီးတော့ ကျနော်တို့ မီးရှို့ခံရတဲ့ လက်ပံတောင်း ရဟန်းသံဃ၁တွေအတွက် ကျနော်တို့ ဆုတောင်းမှာပေါ့နော်၊ နောက်တော့လူတွေကိုလည်း ထိခိုက်နိုင်တဲ့ အခြေအနေဆိုး မျိုးတွေ နောက်နောင် မကြုံရအောင်ရယ်၊ ရည်စူးပြီတော့ ကျနော်တို့ ဆုတောင်းကြမှာပေါ့နော်"

ကြေးနီစီမံကိန်းကြောင့် ဒေသတွင်းမှာ ပုဒ်မ၁၄၄ထုတ်ခံထားရတာ၊ လျှော်ကြေးယူမထားတဲ့ လယ်မြေ တွေ သံဆူးကြိုး ခြံခတ် တားမြစ်ခံထားရတာအပြင်၊ ဆည်တဲ၊ ဇီးတော၊ ဝက်မှေးရွာတွေ ဖျက်သိမ်း ပြောင်းရွှေ့ ခံရမယ့်ကိစ္စ နဲ့  ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါအချက်တွေကိုမလိုက်နာပဲ သာသနာ့ အဆောက်အဦးတွေ ကိုဖြိုချဖျက်ဆီးလိုက်ပြီး၊ စီမံကိန်းဆန့် ကျင်သူတွေကို ဖမ်းဆီးနေ တာတွေအတွက် ဆန္ဒပြမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ဒေသမှာ ဒီနေ့ မနက်ဆန္ဒပြမယ့်ကိစ္စနဲ့  ဒေသရဲ့နောက်ဆုံးအခြေအနေတချို့ ကို ဒေသခံဆရာတော် ဦးစန္ဒာသီရိကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ကွန်မင့်များ (1)
Share

ဒီ အန္တရာယ်

နေရပ်- စုပေါင်း ကာကွယ်ပါမည်

ခလေးနို့မှုန်းဗူးကြီး အလွတ်တွေကို (အဖုံးပါ) ဆောင်သွား။ မီးခိုးဗုံးနဲ့ ပစ်ရင် ဗုံးကိုအဲဒီဗူးနဲ့အုပ်ပြီး အဖုံးကို အောက်က လျှိုပြီး ပိတ်လိုက်။ မီးလည်းမလောင်နိုင်သလို သက်သေခံလည်း ရမယ်။

May 29, 2014 03:42 PM

ဆိုက်တခုလုံးသို့