မိုးပြာဂိုဏ်းကို မဘသ ရှုတ်ချ


2017.01.11

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသဗဟိုက မိုးပြာအရှင် ဉာဏရဲ့အဖွဲ့ကို ထေရဝါဒ ဗုဒ္ဓသာသနာ ညိုးမှိန်ပျက်စီးအောင် အားထုတ်နေမှုအတွက် ကန့်ကွက်ရှုတ်ချတဲ့ ကြေညာချက်တစောင် ဇန်နဝါရီလ ၁၁ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ဝိနည်းဓိုရ်အဖွဲ့က မိုးပြာအရှင် ဉာဏ ကို အဓမ္မဝါဒီဟုလည်းကောင်း မိုးပြာအရှင် ဉာဏရဲ့ ပစ္စပ္ပန်ကမ္မဝါဒကို အဓမ္မဝါဒဟုလည်းကောင်း ဆုံးဖြတ်ခဲ့တာကို လိုက်နာခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေတဲ့အတွက် အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့ မဘသအဖွဲ့ ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ မန္တလေး မစိုးရိမ်တိုက်ဆရာတော် အရှင် ဝီရသူ က RFA ကို မိန့်ကြားပါတယ်။

"သူ့ရဲ့ဝါဒမှိုင်းတွေကို ပြည်သူတွေကိုတိုက်ဖို့ လုပ်လာတာပေါ့နော်၊ အဲဒီအပေါ်မှာ ဦးဇင်းတို့ မဘသဗဟိုက နိုင်ငံတော်သံဃာ့မဟာနာယကရဲ့ ကြေညာချက်ကို ထောက်ခံတဲ့အနေနဲ့ရောပေါ့ ဦးဇင်းတို့ ထေရဝါဒသာသနာဘက်က ရပ်တည်တဲ့အနေနဲ့ရောပေါ့ ကြေညာချက်ထုတ်ပြီးတော့ ကန့်ကွက်ရှုတ်ချလိုက်တာပါ"

အရှင်ဉာဏရဲ့ မိုးပြာအဖွဲ့က လုပ်ဆောင်ချက်တွေဟာ နိုင်ငံတော် သံဃာ့မဟာနာယကအပါအဝင် သံဃာ့အဖွဲ့အစည်းတွေအပေါ် အထင်သေးမှုတွေ ပေါ်ပေါက်စေနိုင်ကြောင်းလည်း အရှင်ဝီရသူ က မိန့်ကြားပါတယ်။

တဆက်တည်းမှာပဲ မဘသအဖွဲ့အနေနဲ့ လက်ရှိနိုင်ငံတော်အစိုးရနဲ့ဖြစ်စေ မဟနအဖွဲ့နဲ့ဖြစ်စေ ထိပ်တိုက်တွေ့နိုင်တဲ့ အပြုအမူတွေကို ရှောင်ကျဉ်ဆောင်ရွက်လျှက်ရှိတယ်လို့လည်း ဆရာတော်က မိန့်တော်မူပါတယ်။

ဆရာတော် ဝီရသူနဲ့ ဦးခင်မောင်စိုး ဆက်သွယ်လျှောက်ထားချက် အပြည့်အစုံကို နောက်ပိုင်းမှာ နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။