တောင်ကြီးမြို့ လုံခြုံရေးအဖွဲ့ မဘသနဲ့ မပတ်သက်လို့ ဖြေရှင်း

2015-05-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပျောက်ကြားဝတ်စုံဆင်တူဝတ်ဆင်ပြီး လုံခြုံရေးလှည့်လည်နေတဲ့ တရားဥပဒေစိုး မိုးရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး သူတို့ဟာ တောင်ကြီးမြို့မှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်စေဖို့နဲ့ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဖွဲ့စည်းထားတာ ဖြစ်ကြောင်းပြော ပါတယ်။

တောင်ကြီးမြို့မဟာ ဓမ္မီကာရာမကျောင်းတိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားဥပဒေစိုးမိုးရေးအဖွဲ့ ဥက္ကဌ ဦးသန်းရွှေက သူတို့အဖွဲ့အပေါ် ဝေဖန် ကန့်ကွက်မှုတွေ ရှိနေတာကြောင့် ဖြေရှင်းတာဖြစ်ကြောင်း အခု လိုပြောပါတယ်။

"ကျနော်တို့ကတော့ သီးခြားအနေနဲ့ ရပ်တည်ပြီးတော့  ဆရာတော်သံဃာတော်များနဲ့ ပတ်သက်တဲ့ကိစ္စဆို ရင်  တောင်ကြီးမြို့နယ်တွင်းမှာရှိတဲ့ ဆရာတော် သံဃာတော်များရဲ့ သြဝါဒခံယူပြီးတော့  ဆောင်ရွက်ပါ တယ်၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ပတ်သက်ရင်တော့  အာဏာပိုင်အဖွဲ့အစည်းများနဲ့ ပူးပေါင်း ပြီးတော့ဆောင်ရွက်ပါတယ်၊  လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းမဖြစ်ပွားရေးကို ကျနော်တို့က ဆရာတော်တွေနဲ့  သြဝါဒခံယူပြီးတော့ ဆောင်ရွက်ပါတယ်"

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို မြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့က ဆရာတော်တွေလည်း တက်ရောက်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ မဘသအဖွဲ့လက်အောက်ခံမဟုတ်ကြောင်း၊ မဘသနဲ့ မသက်ဆိုင်ကြောင်း မိန့်ကြားပါတယ်။

အဲဒီအဖွဲ့ဟာ ဒီနှစ် ဧပြီလမှာ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး အေးသာယာ၊ တောင်ကြီး၊ ရွှေညောင်နဲ့ ညောင်ရွှေမြို့ တို့မှာ စုစုပေါင်းအဖွဲ့ဝင် တစ်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

အဲဒီ့အဖွဲ့ကို ကန့်ကွက်ကြောင်း ဒေသခံတွေက လက်မှတ်ရေးထိုးပြီး ရှမ်းပြည်နယ် ၀န်ကြီးချုပ်နဲ့ အစိုးရဌာန အဆင့်ဆင့်ကို တင်ပြထားတာဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

Aye Chan

နေရပ်- Myanmar

လုံခြုံရေးအတွက်ဆိုပြီး အရံပြည်သူ့  အင်အားသုံးပိုင်ခွင့် ဥပဒေနဲ့  အညီဖြိုခွင်းတယ် ဆိုတာ ဥပဒေ အနှစ်သာရ ကို လက်တစ်လုံး ခြား လုပ်တာပါ။ တိုင်းပြည် ပြည်ပရန်ကာကွယ်ရေး အတွက် လက်နက်ကိုင် အဖွဲ့ နဲ့  ကာကွယ်ဘို့  မလုံလောက်တဲ့ အချိန် အတွက် ပြဌာန်းထားတာပါ။ ဘာလက်နက်မှမပါတဲ့ ပြည်တွင်း ဆန္ဒပြတာ လေးလောက် အတွက် မဟုတ်ပါဘူး။ အဲဒါတွေ အတွက် အဓိကရုန်း နှိမ်နင်းရေး ရဲ လုပ်ထုံးလုပ်နည်းတွေ ရှိပြီးသားပဲ။ အစိုးရက ဥပဒေ နဲ့  အညီမကျင့်ကြံတော့ ကျောင်းသားရဟန်းရှင်လူ ကလည်း အစိုးရ ကို မကြည်ညို မလေးစားဘူး။ ဗိုရဲထွဠ် ဒီရာထူး နဲ့  မထိုက်တန်ဘူး။ သမတ ဘယ်လိုအရေးယူမှာလဲ။

May 21, 2015 08:13 PM

zawD

NAZI start like that

May 21, 2015 01:57 AM

N

နေရပ်- Z

ထင်ရာမြင်ရာအသင်းတွေဖွဲ့ထင်ရာမြင်ရာအလုပ်တွေကိုဘယ်သူကတာဝန်ါပေးလို့ဘယ်သူ့အတွက်လုပ်နေတာလဲ။

May 20, 2015 11:34 PM

Taing Yin Thar

နေရပ်- Myanmar

တိုင်းပြည် ကို ရှုပ်ထွေးအောင် လုပ်တဲ့နည်းပါ။ တရားဥပဒေ စိုးမိုးရေး နဲ့  ငြိမ်ချမ်းရေး ထိမ်းသိမ်း ဘို့  တရားရေး ဌာန ရဲတပ်ဖွဲ့  စသည် ရှိနေတာပဲ။ အဲဒီလူတွေက အလုပ်မလုပ် လို့ ဖြစ်တာ ဆို ရင် အဲဒီ လူတွေ ကိုအရေးယူ ပေါ့။ ဘာတရားမ၀င် တဲ့ အဖွဲ့ အစည်း ဖွဲ့ တာ ကို အစိုးရ က မသိချင်ယောင် ဆောင်နေတာလဲ။ သူတို့ က "သမတ လူကြမ်း အဖွဲ့ "ဖွဲ့ တဲ့ သဘောပဲ။

May 20, 2015 07:54 PM

ကုလားကြီး

နေရပ်- အရာကြီး

ဦးအောင်သောင်းရဲ့ “စွမ်းအားရှင် - ၂ ”ပေါ့ဗျာ။

May 22, 2015 07:32 PM

ဆိုက်တခုလုံးသို့