အော်ရီဒူး ဆက်သွယ်ရေး တာဝါတိုင်စိုက်ထူမှု မဘသအဖွဲ့ ကန့်ကွက်

2015-04-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း ၅၁ ရပ်ကွက်မှာ ဧပြီလ ၁၅ ရက်နေ့က အော်ရီဒူးကုမ္ပဏီရဲ့ တယ်လီဖုန်း ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူမှုကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင် သံဃာတော်တွေက ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်ဥပဒေအရ ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မယ့်နေရာအနီးမှာ နေထိုင်သူတွေရဲ့ သဘောတူညီမှုမရဘဲ ဆောက်လုပ်တာဖြစ်တဲ့အတွက် ကန့်ကွက်ရတာဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဆရာတော်ဦးပါမောက္ခက မိန့်ကြားပါတယ်။

"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုချက်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် ၅၁ ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရးမှူးက လုပ်ဆောင်နေတဲ့အပေါ် ဥပဒေစိုးမိုးမှုရှိအောင် ကန့်ကွက်ရခြင်းဖြစ် တယ်၊ အော်ရီဒူးတာဝါတိုင် စိုက်တယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခြေရင်းခေါင်းရင်း ကို ဝဲယာအိမ်တွေက ကန့်ကွက်မယ်ဆိုရင် တိုင်က ဆက်လက်စောင့်လို့မရပါဘူး"

ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်တာကို သဘောမတူတဲ့အကြောင်း အဲဒီရပ်ကွက်က တိုင်ကြားချက်တွေ အများအပြားရရှိထားတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ဆရာတော်တွေက ကန့်ကွက်ခဲ့တာကြောင့် အဲဒီ့ရပ်ကွက်မှာ တည်ဆောက်မယ့် တာဝါတိုင်စိုက်မယ့် အစီအစဉ်ကို ရုပ်သိမ်းသွားတယ်လို့ သိရပါတယ်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က ဆရာတော်ဦးပါမောက္ခကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (2)
Share

မခ

နေရပ်- အင်္ဂပူ

ဒီလိုကန့်ကွက်တာထောက်ခံပါတယ်
လူနေရပ်ကွက်ထဲမှာစဉ်စားပြီးလုပ်သင့်ပါတယ်
မိမိကိုယ့်ကျိုးအတွက်တစ်ခုတည်းမစဉ်းစားသင့်ဘူး

Apr 17, 2015 07:57 AM

မြန်မာတိုင်းရင်းသူ

နေရပ်- ပြည်ပတနေရာ

အချို့တိုင်းပြည်တွေ (ဥပမာ ကျွန်မလက်ရှိနေထိုင်တဲ့ အမေရိကန်နိုင်ငံ) မှာဆိုရင် အဲသည်လို လူနေအိမ်တွေ အနား တိုင်ထူတာ၊ ရေလိုင်းချဲ့တာ၊ မီးတိုင်ထောင်တာ၊ အစရှိတာတွေကို ဘယ်လို အတိုင်းအတာနဲ့ ပြုမယ်၊ ပြည်သူ၊ အသုံးပြုသူတွေ ဘယ်လို အကျိုးရှိမယ်၊ ရပ်ကွက်အပေါ် ဘယ်လို သက်ရောက်မှု (အကောင်းအဆိုး) ရှိနိုင်တာတွေကို ပြောပြဘို့ ရပ်ကွက်အစည်းအဝေး ခေါ်တယ်။ ရပ်ကွက်တွင်းက အိမ်အားလုံးကို ရပ်ကွက်ခန်းမမှာ ဘယ်နေ့ဘယ်ရက်လုပ်မယ် လာနားထောင် ကြ ဖိတ်ခေါ်ပြီး လာတက်ရောက် နားထောင်သူတွေက တခါတည်း အကောင်းအဆိုး ထောက်ခံ ကန့်ကွက်တာ ပြုနိုင်သလို မလာသူတွေကိုလဲ ဘယ်နှစ်ရက်အတွင်း စာပို့ဆို အကြောင်းကြားတယ်။ ကန့်ကွက်သူ ရာခိုင်နှုန်းများရင် ဘာမှ လုပ်ဆောင်ခွင့် မရဘူး။ မြန်မာပြည်မှာလဲ လူထုဆန္ဒအလေးပေးတာတွေ လုပ်သင့်တာ ကြာပြီ။

Apr 16, 2015 03:33 PM

ဆိုက်တခုလုံးသို့