ညောင်ဦးကမ်းပါး မြေပြို မှုကြောင့် ပြောင်းရွှေ့ရသူများ အခက်ကြုံ


2013.07.07

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်က ညောင်ဦးကမ်းပါးတစ်ဖက်မှာရှိတဲ့ ရှားတော၊ မြင်းကျွန်း၊ သာယာကုန်းနဲ့ ထနောင်းကုန်းရွာတွေမှာ ရေကြီးပြီးကမ်းပါးပြိုကျတာကြောင့် ရွှေ့ပြောင်းခဲ့ရတဲ့ အိမ်ခြေ ၂ဝဝ ကျော်က မိသားစုတွေဟာ နေထိုင်ရေးအခက်အခဲတွေ့နေကြတယ်လို့ လူမှုရေးအဖွဲ့တွေက ပြောပါတယ်။

ဒေသခံတွေပြောင်းရွှေ့ရေးမှာ အကူအညီပေးနေတဲ့ ပခုက္ကူဒေသဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ ဦးရဲထွဋ်က လက်ရှိအခြေအနေကို အခုလို ပြောပါတယ်။

"မနေ့ကည မရိုးကုန်းရွာက တစ်ရွာလုံး သဲမြေဆိုတော့ ရေကတက်လာတဲ့အခါကျတော့ အဲ့သဲတွေလှိုက်စားပြီးတော့ မြေကပြိုတာ ပြိုသွားတဲ့နေရာမှာ ယာတွေရောပါသွားတော့ ယာအစားပေးဖို့ကျတော့ မဖြစ်နိုင်တာတွေပေါ့နော်၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးသွားတာရယ် အဆောက်အဦးနဲ့ မြေနေရာတွေကို ဝယ်နေရတဲ့အတွက် သူတို့ဆီမှာ ဒါတော့အခက်အခဲရှိတယ်"

ဒါ့အပြင် မနေ့ညကလည်း ဧရာဝတီမြစ်ရေတက်လာပြီး နေအိမ်တွေကို ရေလွှမ်းလာတဲ့အတွက် မရိုးကုန်းရွာက အိမ်ခြေ ၈ဝ နီးပါးခန့် ထပ်မံရွှေ့ပြောင်းထားရတယ်လို့ ဆိုပါတယ်။

အဲဒီပြောင်းရွှေ့တဲ့ ဒေသခံတွေထဲမှာ ငွေကြေးတတ်နိုင်သူတချို့ကတော့ မြေနေရာတစ်ကွက်ကို ကျပ် ၄ သိန်းနဲ့ ဝယ်ယူနေထိုင်နေကြသူတွေလည်းရှိသလို အများကတော့ မင်းကျွန်းရွာမှာ ယာယီတဲတွေနဲ့ လောလောဆယ် နေရာချထားပေးနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။