မလေးရှားဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်

မြန်မာနဲ့မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးချုပ် နာဂျစ် ရာဇတ် ဟာ မကြာခင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ်လို့ မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။
2012-03-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို သူဦးဆောင်သည့် ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UMNO) နှစ်ပတ်လည် ညီလာခံတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို သူဦးဆောင်သည့် ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UMNO) နှစ်ပတ်လည် ညီလာခံတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
AFP

လာရောက်မယ့်ရက်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်အရ လာရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။

မနှစ် နိုဝင်ဘာလအတွင်းမှာလည်း ၂ နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေး အစီအစဉ် အတွက် မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် လာရောက် လည်ပတ်ခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ကုန်သွယ်မှု အများဆုံး နိုင်ငံတွေထဲမှာ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယ နဲ့ဟောင်ကောင် ပြီးရင် ၆ နိုင်ငံမြောက် ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ထုတ်ပြန်ချက်အရ ၂၀၁၀ - ၁၁ ဘဏ္ဍာနှစ် အတွင်း မြန်မာ - မလေးရှား ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏ ဟာ အမေရိကန်ဒေါ်လာ ၅၈၆ သန်းရှိရာမှာ မြန်မာနိုင်ငံက ထုတ်ကုန် ၄၄၁ သန်းဖိုးနဲ့ သွင်းကုန် ၁၄၅ သန်းဖိုး ရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

moeaye8989@gmail.com

Mar 27, 2012 10:08 AM

ဆိုက်တခုလုံးသို့