မလေးရှားမှာ မြန်မာ တစ်ဦး သေဆုံးရပြန်
2017.05.13
မလေးရှားနိုင်ငံ ပီနန်ကျွန်း Kampung Jawa မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ မြန်မာအလုပ်သမား တစ်ဦး လုပ်ငန်းခွင်မတော်တဆမှုနဲ့ မနေ့မနက်ပိုင်းက အသက်ဆုံးပါးသွားပါတယ်။
အဲဒီ အသက် ၂၆ နှစ်ရှိ Sanaulla Ashozama ဆနူလာ ဆိုသူက လုပ်ငန်းခွင်အတွင်း ကရိန်းဝင်ချီစက်မောင်းသူကို အကူအညီပေးနေစဉ်မှာ သူရဲ့ လည်ပင်းကို ကေဘယ်လ်ကြိုးတစ်ချောင်း လာရောက် ငြိခဲ့ကြောင်းနဲ့ အဲဒီလို သူ့လည်ပင်းလာပတ်တဲ့ကြိုးကို အချိန်မီ မဖယ်ရှားနိုင်တဲ့အတွက် ခေါင်းပြတ်သေဆုံးသွားရကြောင်း ရဲတပ်ဖွဲ့ က ပြောပါတယ်။
အခု အသက်ဆုံးပါးရတဲ့ မြန်မာနိုင်ငံသားဟာ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်လက်မှတ် ရရှိထားသူဖြစ်ပြီး အဲဒီလုပ်ငန်းခွင်မှာ လာရောက်လုပ်ကိုင်တာ ၃ လပဲ ရှိသေးတယ်လို့ ဆိုပါတယ်။









