မလေးရှားမှာ အထောက်အထားမရှိတဲ့ မြန်မာ ၅ဝ ခန့် အရေးယူခံရ

2013-06-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး သက်သေခံ တရားဝင်လက်မှတ်မပါရှိဘဲ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ဝ ခန့်ကို ဆာပန်းနယ် တရားရုံးက ဒီကနေ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားအပြီး မလေးရှား အာဏာပိုင်တွေက တရားမဝင် အထောက်အထားမရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာတွေကို ဖမ်းဆီးခဲ့ရာမှာ တရားဝင် အထောက်အထားမရှိသူတွေကို အခုလို အရေးယူလိုက်တာဖြစ်ပါတယ်။

တကယ်လု့ိ ဒီအမှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်ရင် ငွေဒဏ် မလေးရှားရင်းဂစ်ငွေ ၁ သောင်း၊ အများဆုံး ထောင်ဒဏ် ၅ နှစ်နဲ့ ကြိမ်ဒဏ်တွေအထိ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ ၁၃၇ ဦးကိုလည်း မနက်ဖြန်မှာ ဒီအမှုနဲ့ ရုံးထုတ်စီရင်မယ်လို့ ဆာပန်းတရားသူကြီးရုံး ပြောခွင့်ရသူက ပြောပါတယ်။

ကွန်မင့်များ (4)
Share

သမာဓိခိ်န္ခြင္

ငွေဒဏ်ရော ထောင်ဒဏ်ပါ ချစရာ မလိုပါ။ မြန်မာပြည်ပြန်ပို.လည်းရတာဘဲ။ လူမျိုးရေးနဲ.ဘာသာရေးကြောင့်မြန်မာနိုင်ငံသားတွေကို တမင်တကာ လုပ်တာပါ။ ဘင်္ဂလာလီတွေ အတွက်လည်း ဒီဥပဒေ မြန်မာနိုင်ငံတွင် ထားရှိသင့်ပါသည်။

Jun 18, 2013 05:12 PM

ကံမသကာ

နေရပ်- ေအာက္

ဒါကတော့ဖိအားတစ်ခုပေါ့၊
ခံလိုက်ကြပါဝဋ်ရှိသရွေ့သာ။

Jun 18, 2013 11:24 AM

အမည်မဖော်လိုသူ

မြန်မာပြည်မှာ အဲလိုဖမ်းရင် ဘင်္ဂါလီတွေ အထောက်အထားမဲ့ များဖမ်းဆီးကြပါ
`

Jun 18, 2013 03:28 AM

(

Malaysia government is not genuinely seeking for terrorists but revenging to Myanmar indirectly by seeking illegal stay. If possible, its better all Myanmar return back to Myanmar and cut off diplomatic relations between Malaysia and Myanmar...

Jun 17, 2013 11:15 PM

ဆိုက်တခုလုံးသို့