ရခိုင်ပြည်နယ် သတ်ဖြတ်မှု တာဝန်ရှိသူတွေ အရေးယူဖို့ မလေးရှား ပြောကြား

2018-09-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
Kutupalong ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Kutupalong ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: REUTERS

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ ရက်စက်စွာချေမှုန်းသတ်ဖြတ်ခံခဲ့ရမှုတွေအတွက် တာဝန်ရှိသူတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာအဆင့် တရားစီရင်မှုပြုလုပ်နိုင်ရန် ဆောင်ရွက်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူး ကနေဒီ ဂျာဝမ် က ဗုဒ္ဓဟူးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

မစ္စတာ ဂျာဝမ်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ်အတွင်းပြုလုပ်တဲ့ မြန်မာပြည်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းအဝေးကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာ ကိုယ်စားတက်ရောက်စဉ် အခုလို ပြောဆိုတာဖြစ် ပါတယ်။

အဲဒီလို ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရင်ဆုံး အရေးယူရမှာကတော့ မြန်မာအစိုးရ ဖြစ်ပါတယ်၊ မြန်မာ အစိုးရနောက်ဆုံးဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေးကော်မရှင်အနေနဲ့ ပြစ်မှုတွေအတွက်  တာဝန်ရှိသူအားလုံးကို တရားဥပဒေနဲ့အညီ အပြစ်ပေးနိုင်အောင် ဖော်ထုတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ တကယ်လို့ မြန်မာအစိုးရက ထိထိရောက်ရောက် အပြစ်ပေးနိုင်ခြင်း မရှိရင်တော့ နိုင်ငံတကာအဆင့် အရေးယူဖို့ လိုအပ်ပါလိမ့်မယ် နောက်ဆုံးမှာတော့ ရိုဟင်ဂျာမွတ်စလင်တွေ ရက်စက်စွာချေမှုန်းခံရမှုကို မိမိတို့ နိုင်ငံတကာအနေနဲ့ လစ်လျှုရှုလို့ မဖြစ်ဘဲ မုချဆောင်ရွက်ရမှာဖြစ်ပါတယ်လို့  သူကပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့