မလေးရှား ကူညီရေးသင်္ဘောမှာ ဝန်ကြီးဟောင်းတွေပါမယ်


2016.12.30

မြန်မာ စစ်တပ်ရဲ့ စစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၅ သောင်းရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသာပတေးနေ့က ပြောဆိုလိုက်ပါတယ်။

အခုလိုအုပ်စုလိုက်ဆက်တိုက် ထွက်ပြေးတိမ်းရှောင်လာနေတာတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အထူးပဲစိုးရိမ်မကင်းဖြစ်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ခေါ်ယူပြောဆိုခဲ့ပါတယ်။

ခုလိုထွက်ပြေးတိမ်းရှောင်မူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ အဆိုအရ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ လက်ခံထားတဲ့ ဒုက္ခသည်ဟာ လေးသောင်း သုံးထောင်ရှိတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနအဆိုအရ မြန်မာနိုင်ငံကနေ အရင်က ထွက်ပြေးခဲ့ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ အတွင်း နှစ်ပေါင်းများစွာနေထိုင်လျက်ရှိသူ မြန်မာနိုင်ငံသား ၃ သိန်းကိုလည်း ပြန်လည်လက်ခံဖို့တောင်းဆို ထားပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံကို မလေးရှားနိုင်ငံကနေသွားရောက်မယ့် ရိက္ခာပို့သင်္ဘောအဖွဲ့မှာ မလေးရှားနိုင်ငံက ဝန်ကြီးဟောင်းတွေအပါအဝင် လူ၂၀၀ ကျော် လိုက်ပါလာမှာဖြစ်တယ်လို့ ဒီကနေ့ထုတ် The New Stright Times on line သတင်းစာမှာဖေါ်ပြထားပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့မှာ Port Klang က ထွက်ခွာမယ့်အဖွဲ့မှာ မလေးရှားနိုင်ငံရေးသမားတွေ၊ NGO တွေအပြင် သတင်းသမားတွေပါ လိုက်ပါလာမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။