မလေးရှားကို ခိုးဝင်မယ့် မြန်မာ ၃၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး


2017.05.05

ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို ခိုးဝင်မယ့် မြန်မာ ၃၅ ယောက်ကို ထိုင်းရဲတွေက ဒီနေ့ ဖမ်းဆီးလိုက် ပါတယ်။

အမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ၇ ယောက်ပါတဲ့အဲဒီအဖွဲ့ဟာ ကော့သောင်းကနေ ရနောင်းကို ရောက်သွားပြီး၊ အဲဒီကနေ မလေးရှားကိုသွားကြမယ့်သူတွေဖြစ်ပါတယ်။ လူမှောင်ခိုသမားတွေက စစ်ဆေးရေးဂိတ်တစ်ခု မရောက်ခင် ရွာတစ်ရွာနားက ပုဇွန်မွေးမြူရေး လုပ်ငန်းဟောင်းတစ်ခုအနားမှာ ခဏထားခဲ့တာလို့ ဆိုပါတယ်။

သူတို့အတွက်ပို့ခကို မလေးရှားရောက်ရင် မိသားစုတွေက ပေးချေရမှာဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီလူတွေကို ရဲစခန်းမှာချုပ်ထားပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ အရေးယူမယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။