မှုခင်းနှိမ်နင်းရာမှာ လိုအပ်ရင်ပစ်ဖို့ မန္တလေးတိုင်းရဲမှူးချုပ်အမိန့်ပေး


2019.05.31
mdy-police-press-622.jpg မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၉ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

မန္တလေးမြို့လုံခြုံရေးနဲ့ပတ်သက်ပြီး လိုအပ်ရင်ပစ်ဖို့ အမိန့်ပေးထားတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအားလုံးကို သေနတ်ပေးထားပြီး အောက်ပိုင်းကိုပစ်ဖို့ အမိန့်ပေးထားတယ်လို့ ဒီနေ့ မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း လုယက်မှုတွေ၊ ဓားခုတ်မှုတွေ မကြာမကြာဖြစ်ပွားနေတာကြောင့် ပုံစံအသစ်နဲ့ ပြုလုပ်ပြီး မှုခင်းမဖြစ်ပွားအောင် ထိန်းသိမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အသိပေးတင်ပြပြီး ဆောင်ရွက်တာလို့လည်း ရဲမှူးချုပ် စိန်လွင်က ပြောပါတယ်။

ပြည်သူအချို့ဟာ အပြင်သွားတဲ့အခါမှာ လုံခြုံရေးအတွက် တုတ်၊ လက်နက်လိုအရာမျိုးကိုဆောင်ပြီး သွားနေတဲ့အနေအထားဖြစ်နေလို့ အဲဒီလိုဖြစ်နေတဲ့ အခြေအနေကို တိုက်ဖျက်လိုတာဖြစ်တယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။

အခုလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်းမှာဆိုရင် စုစုပေါင်းအမှု ၂၅၄ မှု အရေးယူနိုင်ခဲ့ပြီး အမျိုးသား ၃၁၀ ဦး အမျိုးသမီး ၂၁ ဦး ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။