မန္တလေးသြင်္ကန်အကြိုနေ့ သေဆုံးသူ ၃ ဦးရှိ


2019.04.14
mandalay-thingyan-622.jpg မန္တလေး သြင်္ကန်အကျနေ့မှာ ရေကစားနေသူတချို့ကို တွေ့ရစဉ်
Photo: Khaymani Win/RFA

မန္တလေး သြင်္ကန်အကြိုနေ့မှာ ထိခိုက်ဒဏ်ရာနဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတဲ့ လူနာ ၆၀ ကျော်ရှိပြီး သေဆုံးသူ ၃ ဦးရှိခဲ့တယ်လို့ ဆေးရုံကြီးမှာ လူမှုကူညီရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေထံက သိရပါတယ်။

ခိုက်ရန်ဖြစ်ပွားတာ၊ ယာဉ်တိုက်မှုဖြစ်ပွားတာတွေကြောင့် ထိခိုက်ဒဏ်ရာရလို့ ရောက်လာတာ  ပိုများပြီး လူလတ်ပိုင်းအရွယ်တွေ များတယ်လို့ မန္တလေး ဆေးရုံကြီးမှာ လူနာတွေကို ကူညီစောင့်ရှောက်ရေး ဆောင်ရွက်ပေးနေတဲ့ One To One ကလေးလူနာကူညီရေးအဖွဲ့က ကိုဝမ်းက ပြောပါတယ်။

မန္တလေးဆေးရုံကြီးမှာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် အပါအဝင် လူမှုကူညီရေး အသင်းအဖွဲ့တွေက အခြေစိုက်ပြီး သြင်္ကန်တွင်း ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ဆေးရုံပို့ဆောင်ပေးတာ၊ သက်ဆိုင်ရာ ဆေးကုသရမယ့် အဆောင်တွေထိ ပို့ပေးတာ၊ ဆေးကုသမှုခံယူပြီး ဆေးရုံဆင်းတဲ့ လူနာတွေကိုလည်း မြို့တွင်း၊ မြို့ပြင် အိမ်အရောက် ပို့ဆောင်ပေးတာတွေကို လူအင်အား ၂၀၀ ကျော်နဲ့  ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

သြင်္ကန်အကြိုနေ့မှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ လူနာစုစုပေါင်း ၁၄၅ ရောက်ရှိပြီး ပြင်ပလူနာအနေနဲ့ ၁၀၁ ယောက်၊ အတွင်းလူနာအနေနဲ့ ၄၄ ယောက်ရှိခဲ့တယ်လို့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးက ဒီနေ့ ထုတ်ပြန်ပါတယ်။ ရောက်ရှိလာတဲ့ လူနာတွေက အမျိုးသားတွေ များတယ်လို့ သိရပါတယ်။

ဒီနေ့ သြင်္ကန်အကျနေ့ မနက်မှာလည်း မန္တလေး ကျုံးအရှေ့ဘက်ခြမ်းမှာ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်က ဆယ်ယူခဲ့ပြီး မန္တလေး ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။