မြန်မာအနေနဲ့ ထောက်ပံ့မှု လိုဦးမည်လို့ အမေရိကန် ထပ်ပြော


2018.05.19
dassk-markgreen-622.jpg USAID အမေရိကန်အစိုးရ နိုင်ငံတကာ ထောက်ပံ့မှုပေးရေးဌာန ညွှန်ကြားရေးမှူး မာ့ခ်-ဂရင်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
Photo: USAID - US Agency for International Development

မြန်မာနိုင်ငံမှာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ရဲ့ ကူညီထောက်ပံ့မှု ဆက်လက်လိုအပ်နေမှာ ဖြစ်တယ်လို့ USAID အမေရိကန် အစိုးရ နိုင်ငံတကာ ထောက်ပံ့မှုပေးရေးဌာန ညွှန်ကြားရေးမှူး မာ့ခ်-ဂရင်းက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ခရီးလှည့်နေတဲ့ မစ္စတာ ဂရင်းဟာ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်မြို့ကို ပြန်အရောက်မှာ အခုလို ပြောတာပါ။

သူက ရိုဟင်ဂျာအရေးဟာ မြန်မာနိုင်ငံကို အမေရိကန်က ထောက်ပံ့ ကူညီနေတဲ့လုပ်ငန်းမှာ ခလုတ်ကန်သင်းတစ်ခု ဖြစ်နေပေမယ့် ရေရှည်မှာ ပြေလည်သွားမယ်လို့ ယုံကြည်တယ်၊ အဲဒီ ပြဿနာကြောင့် ကူညီထောက်ပံ့ရေးအစီ အစဉ်ကို ထိခိုက်လာစရာမလိုဘူးလို့ ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တာတွေ ရပ်စဲသွားစေဖို့နဲ့ တစ်နိုင်ငံလုံးမှာ ကယ်ဆယ်ရေးအဖွဲ့တွေ မီဒီယာတွေကို လွတ်လပ်စွာ သွားလာနိုင်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံကို မသွားခင် သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ဝင်ရောက်ကြည့်ရှုခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးအတွက် အမေရိကန် ဒေါ်လာ ၄၄ သန်း ထပ်ပြီး ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။