အာဇာနည်နေ့ အကြိုဟောပြော ပွဲတွေ စာသင်ကျောင်းတွေမှာ ကျင်းပဖို့ တိုင်းအစိုးရ ညွှန်ကြား

2017-07-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာကျင်းပတဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပစဉ်
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာကျင်းပတဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပစဉ်
Photo: Kyaw Zaw Win/RFA

လာမယ့်ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် နှစ် ၇၀ ပြည့် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲတွေ ကို မန္တလေးတိုင်းဒေသကြီးအတွင်းက စာသင်ကျောင်းတွေမှာ ပြုလုပ်ကြဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြား ထားပါတယ်။

ကင်းကွာခဲ့တာကြာပြီဖြစ်လို့ ကျောင်းသားလူငယ်တွေကြားထဲမှာ အာဇာနည်တွေကို ဂရုပြုတဲ့ သဘော ထားတွေ ပြန်အစပျိုးတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသ ကြီး သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောပါတယ်။

"ကျောင်းတွေမှာ အကြိုဟောပြောပွဲတွေလုပ်ဖို့ပေါ့၊ အဲဒါအရင်နှစ်က ဟောပြောတာတွေ ဘာတွေက မရှိခဲ့ ကြဘူးလေ၊ ဟောပြောပွဲတွေလုပ်ပေးဖို့ တိုင်းပညာရေးမှူးကို ကျနော်တို့အစိုးရအဖွဲ့က ညွှန်ကြားတာပေါ့ဗျာ၊ ကျနော်တို့ ငယ်ငယ်တုန်းကတော့ ဒါတွေရှိတာပေါ့ဗျာ၊ အခုက ကင်းကွာခဲ့တာကြာပြီ၊ ကျောင်းသားအရွယ်တွေ ကြားထဲမှာ အာဇာနည်တွေကို ဂရုပြုတဲ့သဘောထားတွေ ပြန်အစပျိုးတာပေါ့"

အဲဒီအကြိုဟောပြောပွဲတွေကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြုလုပ်ရမှာ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနှစ် အာဇာနည်နေ့အခမ်းအနား ကျင်းပတဲ့အခါမှာ ပြည်သူတွေပါဝင်အလေးပြုနိုင်ဖို့ အတွက်လည်း စီစဉ်ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွအာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့တာဟာ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ နှစ် ၇၀ ပြည့်မြောက်လာပြီ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့