မောင်တောဒေသမှာ ကလေးနှစ်ယောက် ကန့်သတ်မိန့် မထုတ်ပြန်ရသေး


2013.06.08
rakhine-maung-taw-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က နာဇီရွာမှ ရိုဟင်ဂျာများ စစ်တပ်နှင့် ရဲအစောင့်အရှောက်များဖြင့် ဒုက္ခသည် စခန်းသို့ ပြောင်းရွေ့နေစဉ်။
RFA

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရိုဟင်ဂျာ မွတ်စလင်မိသားစုတစ်စုကို ကလေး ၂ ဦးထက် ပိုမယူဖို့နဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးဖု့ိ ဆိုတဲ့ ဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်အစိုးရအနေနဲ့ အခုချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပဲ စဉ်းစားနေဆဲသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးင်းမြိုင်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီဒေသန္တရအမိန့် ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရရဲ့ သဘောထားကို ဦးင်းမြိုင်က အခုလို ပြောကြားပါတယ်။

"အမှန်ကတော့ ဒီသတင်းထုတ်ဖို့က အခုမှစီစဉ်တုန်းပဲရှိသေးတယ်၊ အပြင်ကိုထုတ်ပြန်ထားတာတော့ မရှိသေးဘူး၊ တကယ်တမ်းထုတ်လို့ရှိရင် ဒေသန္တရဆိုတာလည်း သူ့အမိန့်သူ့ဘာသာသူ ထုတ်လို့ရတယ်၊ ပြည်နယ်အစိုးရကိုလည်း တင်ပြစရာမလိုဘူး၊ ထုတ်ပြီးရင်တော့ ပြည်နယ်အစိုးရကို တင်ပြလို့ရတယ်ပေါ့၊ ပြည်နယ်နဲ့ နိုင်ငံလုံခြုံရေးအတွက်ကတော့ ဘာပဲဖြစ်ဖြစ် လိုအပ်တယ်ဆိုရင်တော့လည်း သူ့ဥပဒေသူ ထုတ်နိုင်စရာအကြောင်းရှိတယ်ပေါ့၊ အခုချိန်မှာတော့ ဘာမှတော့မလုပ်သေးပါဘူး"

အဲဒီအမိန့်ကို အတည်ပြုထုတ်ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေဆဲအချိန်မှာပဲ န်ထမ်းတစ်ချို့ကနေတဆင့် ပေါက်ကြားမှုကြောင့် အခုလိုသတင်းတွေ ပြန့်သွားရတာဖြစ်တယ်လို့ ဦးင်းမြိုင်က ဆိုပါတယ်။ အဲဒီဒေသန္တရအမိန့်အပေါ် ရခိုင်တိုင်းရင်းသားအားလုံးက ထောက်ခံတယ်ဆိုတဲ့ ဆန္ဒပြပွဲတွေ မကြားသေးခင်ရက်ပိုင်းက စစ်တွေ၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ လူဦးရေထောင်နဲ့ချီပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါသေးတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ဒီဒေသန္တရအမိန့်ဟာ လက်ရှိမှာ တရားဝင်အတည်ပြုထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။