ရခိုင်ပြည်နယ်မှာတပ်မတော်ကအင်အားဖြည့်တင်းနေကြောင်း AA ပြော


2019.03.06
army-maungtaw-622.jpg တပ်မတော်သားတချို့ကို အောက်တိုဘာလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့မှာ တွေ့ရစဉ်
Photo: Khaing Htoo Mrat

■ ဒီဇင်ဘာလကုန်ပိုင်းကပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို မြန်မာ့တပ်မတော်က တပ်သားအင်အား ၈ ထောင် ကျော် စေလွှတ်ထားတယ်လို့ AA ရခိုင့်တပ်မတော်က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။တပ်မ ၂၂၊ ၅၅၊ ၆၆ နဲ့ ၉၉ က တပ်ဖွဲ့ဝင်တွေ၊  ကြည်းရေလေ ပူးပေါင်းတပ်ဖွဲ့တွေအပြင် ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပြီး စစ်လက်နက် ခဲယမ်းမီးကျောက်တွေလည်း ဆက်လက်ဖြည့်ဆည်းနေတယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ်နဲ့ ပလက်ဝမြို့နယ်တွေမှာ မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး၊ ထိခိုက်ကျဆုံးတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။အရပ်သား ပြည်သူတွေအနေနဲ့ မြန်မာ့ တပ်မတော်က မော်တော်ယာဉ်တွေ၊ မော်တော်ဘုတ်တွေမှာ လမ်းပြမလုပ်ကြဖို့၊ လမ်းကြုံမလိုက်ကြဖို့လည်း AA အဖွဲ့က သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။