အစိုးရ နှုတ်ထွက်ပေးရေး စာရွက်ဝေငှသူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်း


2014.05.10
mdcf-305 ရန်ကုန်မြို့မ/ဒဂုံ(၇၊၈)လမ်းဆုံမှာ MDCF အဖွဲ့က ပြည်ထောင် စုအစိုးရ နှှုတ်ထွက်ပေးဖို့ လက်ကမ်းစာစောင်တွေ ဝေခဲ့စဉ်
Photo: Kyaw Zaw Win/RFA

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေကို လိုက်လံဝေငှခဲ့တဲ့ ဒီမိုကရေစီစဉ်ဆက် မပြတ်လှုပ် ရှားရေးအဖွဲ့ MDCF က ကိုတင်မောင်ကြည်နဲ့ ကိုဇော်ဝင်း တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု  ပုဒ်မ ၅၀၅(ခ)နဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မနေ့ကဖမ်းဆီးလိုက်ပြီး အင်းစိန်ထောင်ကို ပို့လိုက် ပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က တာမွေမြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ အဲဒီစာရွက်တွေဝေခဲ့တဲ့အတွက် သူတို့နှစ်ဦးစလုံး အဖမ်းခံရတာလို့ MDCF အဖွဲ့က ရန်ကုန်တိုင်းတာဝန်ခံ ကိုနောင်နောင်က ပြောပါတယ်။

"ကိုထင်ကျော်ကိုဖမ်းပြီး နောက်နေ့တာမွေမှာ ကျန်ခဲ့တဲ့အင်အားစုတွေက ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ပြည်သူအပေါ် စာနာစိတ် မရှိတဲ့ ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ နဲ့ ပြည်သူတွေအတွက် အမှန်တကယ် အနစ်နာခံခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို အစိုးရဖြစ်ကြောင်း ပြည်သူတွေထောက်ခံကြ ဆိုတဲ့ စာရွက်ကလေးတွေ လိုက်ဝေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကိုတင်မောင်ကြည်နဲ့ ကိုဇော်ဝင်းတို့ကို ရန်ကုန်တိုင်း ရဲတပ်ဖို့ကနေပြီးတော့ လာရောက်ဖမ်းဆီးသွားပါတင်ခင်ဗျ၊ သူတို့လောလောဆယ်တော့ အင်းစိန်ထောင်ကို အပို့ခံထားရပါတယ်"

မနေ့က MDCF အဖွဲ့ဝင် ကိုထင်ကျော်ကို ပုဒ်မ (၁၈)နဲ့ အင်းစိန်ထောင်ကနေ ကျောက်တံတားတရားရုံးမှာ ရုံးထုတ်စဉ် ကိုတင်မောင်ကြည်နဲ့ ကိုဇော်ဝင်းတို့က တရားရုံးရှေ့မှာ စာရွက်တွေလိုက်ဝေခဲ့ရာမှာ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။