သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မန္တလေးမှာ လူလေးဦး အဖမ်းခံရ
2012.12.14
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က မန္တလေးမြို့တွင် သံဃာတော် အပါး ၃၀၀ တတိယမြောက်နေ့ ဆန္ဒပြပွဲပြုလုပ်နေစဉ်။
RFA
အဖမ်းဆီးခံခဲ့ရသူတွေကတော့ ဗကသများအဖွဲ့ချုပ်က ကိုအောင်မိုင်းဆန်း၊ ကိုသန်းထိုက်နဲ့ ကိုကျော်ကြီးတို့ဖြစ်ပြီး ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်ဖြစ်တယ်လို့သိရပါတယ်။ သူတို့ကိုဖမ်းဆီးခဲ့တာဟာ သံဃာတွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်နေတယ်လို့ မန္တလေးမြို့ခံတွေက ယူဆကြပါတယ်။
ဗကသများအဖွဲ့ချုပ်က ကိုရဲရင့်ကျော်နဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့်ရဲ့ ဇနီး ဒေါ်ခက်ခက်တို့ကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းတင်ပြထားတာကိုနားဆင်နိုင်ပါတယ်။
| အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |









