မန္တလေးမြို့မှာ အဖမ်းခံရတဲ့ ကြေးနီတောင် စီမံကိန်း ဆန္ဒပြသူတွေ အာမခံမယူူ
2012.12.14
သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့အနေနဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက သံဃာတော် (၅) ထောင်ကျော် အပါအဝင် ပရိသတ် အင်အား တသောင်းကျော် ဆန္ဒပြနေစဉ်။
ယုံကြည်ချက်နဲ့ဆောင်ရွက်မှုကို သူတပါးကဝင်ပြီး ငွေနဲ့အာမခံပေးရတယ်ဆိုတဲ့အပေါ် အာမခံပေးရသူတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်တာကတကြောင်း၊ ကိုယ်တိုင်အာမခံတဲ့အခါမှာလဲ လက်မှတ်ထိုးရမယ့်စာပေါ်မှာ တရားခံလို့သုံးနှုန်းထားတာ၊ တရားရုံးလာဖို့ပျက်ကွက်ရင် ငွေ ၅ သိန်းလျော်ရမယ်ဆိုတာကိုလဲ လက်မခံနိုင်တာကတကြောင်းကြောင့် ဒီစနစ်ကို ဆန့်ကျင်တာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ကိုရဲရင့်ကျော်က ပြောပါတယ်။
ဒါကြောင့် ဒီနေ့ညနေမှာတော့ သူတို့ကို ရဲက မန္တလေးအိုဘိုထောင်ကို ပြောင်းရွှေ့ချုပ်နှောင်လိုက်ပါတယ်။ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမင်းနိုင်လွင်နဲ့ ကိုသိန်းအောင်မြင့်တို့ကို ၁၂ ရက် နေ့က သံဃာတွေရဲ့ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့လို့ ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ရဲက ဖမ်းဆီးတရားစွဲလိုက်တာပါ။ ဒီပုဒ်မသဘောအရ ပြင်ပပုဂ္ဂိုလ်တွေက ငွေကြေးအာမခံပေးရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်အာမခံရင်ဖြစ်ဖြစ် လွှတ်ပေးခွင့်ရှိပြီး၊ တရားစွဲခံရသူအနေနဲ့ ပြင်ပကနေ တရားရုံးတက်ရမှာဖြစ်ပါတယ်။
အထက်မြန်မာပြည် ဗကသများအဖွဲ့ချုပ်က ကိုရဲရင့်ကျော် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
| အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |









