ထောင်တွင်းကြိုးပေးအသတ်ခံခဲ့ရတဲ့ ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့် သပိတ်များပြုလုပ်

2021-06-26
Share

ထောင်တွင်း ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့တချို့မှာ ဒီကနေ့ ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။

ရန်ကုန်မှာတော့ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ လူငယ်တွေ ပြောက်ကျားသပိတ် ပုံစံ ဆန္ဒပြခဲ့တာပါ။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ စစ်ထောက်လှမ်းရေး တွေက ရန်ကုန်မြို့မှာ ဖမ်းဆီးပြီးနောက် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အမိန့်နဲ့ သေဒဏ်ပေးခဲ့တာပါ။

သူဟာ ၁၉၆၂ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး ကြိုးပေးကွက်မျက်ခံရတဲ့ ကျောင်းသား ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး နောက်ဆုံးပြောခဲ့တဲ့ "မင်းတို့ ငါ့ရဲ့ယုံကြည်ချက် ကို သတ်လို့မရဘူး။ ငါ့ကိုပဲ သတ်လို့ရမယ်။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး"ဆိုတဲ့ ပြောဆိုချက်ကို ကြွေးကြော်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းအဖွဲ့ကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့