မန္တလေးမြို့ ဗုံးပေါက်ကွဲမှု အစွန်းရောက်လက်ချက်ဟု ဦးဝီရသူဆို

2013-07-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီး လက်လုပ်ဗုံးလို့ ယူဆရတဲ့ ဗုံးပေါက်ကွဲ ခဲ့တဲ့ဖြစ်ရပ်ဟာ အစ္စလာမ်အစွန်းရောက်တွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ အစ္စလာမ် အစွန်းရောက်တွေရဲ့လုပ်ရပ်ပါ၊ သာမန်ရိုးရိုး မွတ်စလင်ဘာသာဝင်တွေက ဒီလိုမျိုးမလုပ်ပါဘူးလို့ ဆရာတော် ဦးဝီရသူက မိန့်ကြားကြောင်း AP သတင်းက ဖေါ်ပြပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့အပြီး RFA က ဆက်သွယ်လျှောက်ထားခဲ့ရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်လောက်က ခြိမ်းခြောက်တဲ့ စီဒီခွေတစ်ခွေ ထွက်လာတာတွေ့ရတယ်လို့ ဦးဝီရသူက မိန့်ခဲ့ပါတယ်။

ဦးဝီရသူ တရားဟောတဲ့နေရာနဲ့ အနည်းဆုံး ကိုက်တစ်ရာအကွာမှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ကားတစ်စီး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး၊  လူ ၅ ယောက် ဒဏ်ရာအနည်းငယ်စီ ရခဲ့ကြပါတယ်။

ပေါက်ကွဲခဲ့တဲ့ဗုံးဟာ အသေးစားလက်လုပ်ဗုံးဖြစ်မယ်လို့ ရဲကခန့်မှန်းပြောဆိုခဲ့ပေမဲ့၊ အသေးစိတ်စစ်ဆေးမှုတွေဆောင်ရွက်ပြီးမှသာ အသေးစိတ်ပြောနိုင်မယ်လို့ ဆိုပါတယ်။

ကွန်မင့်များ (11)
Share

Bo Bo

နေရပ်- Mandalay

Last night i have listen BBC and VOA news. Mandalay police already caught 2 persons. Police did not say they were Muslim or Buddhist. Why you said that is Muslim Terror. Your position is higher than Thein Sein? I think even Thein Sein is afraid of you.

Jul 31, 2013 01:04 PM

Linn

နေရပ်- Singapore

How do you know this is Muslim's terror? Even Thein Sein never talk about this. Are you Police or C.I.D or Monk?

Jul 30, 2013 06:39 AM

ကိုယ့်ကိုကိုယ်ဖေါ်

နေရပ်- ရန်ကင်း

မြွေမှန်ရင် တွင်းဝင်ဖြောင့်ပါလိမ့်မယ်။ မကြာပါဘူး။ စောင့်ကြည့်ပါ။

Jul 24, 2013 05:04 PM

(

do not try to become a wellknown person by preaching one-sided stories....you and you fellows should read RFA comments by people outside Myanmar....

Jul 24, 2013 10:32 AM

အမည်မဖော်လိုသူ

နိုင်ငံရေးလှည့်ကွက်အနေနဲ. စစ်တပ်က ဗုံးခွဲတာဖြစ်မှာပါ။ တိုင်းပြည်မတည်ငြိမ်မှ စစ်တပ်က ပြန်ပြီး အာဏာသိမ်းရတာပါဆိုပြီး အာဏာပြန်ယူ၊ ဒီမိုဂရေစီဆိုတာ မျှော်လေဝေးဝေး၊ ဒါးခုတ်ရာ လက်လျှိ၊ မုတ်တွေလို မဖြစ်စေဖို. ဟိန္ဒူ နဲ. ခရစ်ယာန် သတိသာရှိကြပါစေ။

Jul 23, 2013 06:43 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့