သတင်းမီဒီယာ လွတ်လပ်စွာ သတင်းရယူခွင့်ပြု

ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေကို ကန့်သတ်ချက်မရှိ၊ လွတ်လပ်စွာ သတင်းရယူခွင့်ပြုမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အရာရှိတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

2012.03.28
media-workshop-b305 "ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" ခေါင်းစဉ်နှင့် ပြည်တွင်းပြည်ပ မြန်မာသတင်း မီဒီယာ အဖွဲ့အစည်းများ၏ ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၀ မှ ၃၁ ရက်နေ့အထိ ကျင်းပနေစဉ်။
RFA

ရွေးကောက်ပွဲအတွက် ပြည်တွင်း သတင်းထောက် ၄၀၀ ကျော်ကို သတင်းရယူခွင့် ပြုထားပြီးဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောပါတယ်။

အလားတူ ရွေးကောက်ပွဲမှာ လာရောက် သတင်းရယူနိုင်ဖို့ နိုင်ငံခြားသတင်းဌာန အသီးသီးက သတင်းထောက် ၁၀၀ ကျော်ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးထားပြီး ဖြစ်တယ်လို့ နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။

ရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် သတင်းရယူနိုင်ခွင့် အပါအဝင် စာနယ်ဇင်း ဥပဒေ၊ စာပေလွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ် မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။