မဂ္ဂင်ကျောင်းတိုက် ပြန်ဖွင့်

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရနဲ့ အခြားဆရာတော်တချို့ အကျဉ်းထောင်က ပြန်လွတ်လာတဲ့နောက် သီတင်းသုံးခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်ကို ချိတ်ပိတ် ထားခဲ့ရာမှ သက်ဆိုင်ရာက ဒီကနေ့ နေ့လယ် ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

2012.02.10
ashin-eittriya-meggin-b305 အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော မဂ္ဂင်ကျောင်းဆရာတော် ဦးဣဿရိယ ကို ပျက်စီးနေသည့် မဂ္ဂင်ကျောင်းတွင် တွေ့ရစဉ်။
RFA

မဂ္ဂင်ကျောင်းတိုက်မှာ သံဃာသုံးပါး အခု ပြန်လည် သီတင်းသုံးနေပြီလို့အရှင် ဣဿရိယ က မိန့်ပါတယ်။ ဒီအတောအတွင်း အရှင်ဂမ္ဘီရကို ဒီကနေ့ မနက်က အာဏာပိုင် အဖွဲ့တစ်ဖွဲ့ လာရောက် ခေါ်ဆောင်သွားတဲ့နောက် အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်က လိုက်လံ စုံစမ်းနေတယ်လို့ သိရပါတယ်။

အကျဉ်းထောင်က ပြန်လွတ်လာတဲ့ နောက်ပိုင်းမှာ မဂ္ဂင်ကျောင်းက ကျောင်းတိုက်သုံးခုရဲ့သော့ကို ရိုက်ချိုး ဖွင့်ဝင်ခဲ့တဲ့ကိစ္စကို မေးမြန်းဖို့ အရှင်ဂမ္ဘီရကို ဒီမနက်က ခေါ်ယူ စစ်ဆေးနေတာ ဖြစ်တယ်လို့ အစိုးရ အရာရှိတစ်ဦးက ပြောပါတယ် ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-14 21:44

I WANT TO KNOW YOU.