မိတ္ထီလာပဋိပက္ခမှ ဒုက္ခသည်များ စခန်း ပြောင်းရွှေ့နေရာချ

2014-10-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မိတ္ထီလာမြို့ ဘောလုံးကွင်းရှိ ဒုက္ခသည်စခန်းကို ၂ဝ၁၃ ခုနှစ် မတ်လ ၂၃ ရက်နေ့က မြင်ရစဉ်
မိတ္ထီလာမြို့ ဘောလုံးကွင်းရှိ ဒုက္ခသည်စခန်းကို ၂ဝ၁၃ ခုနှစ် မတ်လ ၂၃ ရက်နေ့က မြင်ရစဉ်
photo: RFA/Kyaw Zawe Win

ပြီးခဲ့တဲ့နှစ် မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသူတွေထဲက ရေ အရင်းမြစ်ရုံး ကယ်ဆယ်ရေးစခန်းမှာ နေထိုင်ကြသူ သုံးရာကျော်ကို ပို့ဆောင်ဆက်သွယ်ရေး ရုံးဝင်းထဲက ကယ်ဆယ်ရေးစခန်းကို ဒီနေ့ ပြောင်းရွှေ့နေရာချ ပေး လိုက်ပါတယ်။

ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ကြသူအရေ အတွက် နည်းပါးလာတဲ့အတွက် အခုလို စုပေါင်းနေရာ ချဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ ရေအရင်းမြစ်ရုံး ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးအောင်ဌေးက ပြော ပါတယ်။

"ရေအရင်းအမြစ် ကယ်ဆယ်ရေး ဒုက္ခသည်စခန်းထဲမှာက လူကလည်း ၄၀၀ ဦး လောက်ပဲရှိတော့တယ်လေ၊ လူကတော်တော်လေးကို နည်းနည်းလေးနဲ့ ကယ်ဆယ်ရေးစခန်းတွေက များနေတော့ နှစ်ခုပေါင်းမှ တစ်ခုစာလောက်ရှိတော့တာကိုး၊ အဲ့ဒါကြောင့် အနီးအနားလိုက်ရှာလိုက်တဲ့ အချိန်ကျတော့ ပြန့်ကျဲနေတာတွေကို တစ်ခုတည်းပဲပေါင်းစည်းပေးလိုက်မယ်ဆိုရင် အဆင်ပြေသွားမှာ ကို တစ်ယောက်နဲ့ တစ်ယောက်တိုင်ပင်ပြီးတော့ ၇၈ စု၊ ကျန်တဲ့ဟာကို ကျနော်တို့ ပို့ဆောင်ဆက် သွယ်ရေး ကယ်ဆယ်ရေးစခန်းထဲကို ပြောင်းပေးလိုက်တယ်"

ရေအရင်းမြစ်ရုံးနဲ့ ပို့ဆောင်ဆက်သွယ်ရေးရုံးဝင်းတွေက ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ အရင်က ချမ်းအေးသာယာရပ်ကွက်မှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး၊ ပို့ဆောင်ဆက်သွယ်ရေး ကယ်ဆယ်ရေးစခန်းမှာ အခုဆိုရင် လူဦးရေ နှစ်ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက အိမ်ထောင်စုပေါင်း ၃၅ဝ ကို လုံးချင်းအိမ် အလုံး ၃၅ဝ ချထားပေးပြီဖြစ်ပြီး ကျန်ရှိနေတဲ့ ဒုက္ခသည်တွေကို လာမယ့်၂ဝ၁၅ ခုနှစ် မတ်လလောက်မှာ နေရာအပြီးချပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ဝ ရက်နေ့က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အိမ်ခြေ ၃ဝဝဝ နီးပါးပျက်စီးခဲ့ပြီး လူဦးရေ တစ်သောင်းနီးပါး ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့