The Lady ရုပ်ရှင်ကား ပြသတော့မည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကား ကို နိုင်ငံတကာ Rome ရုပ်ရှင်ပြပွဲမှာ မကြာခင် ပြသတော့မယ်လို့ သိရပါတယ်။

2011-08-29
Share
michelle_yeoh_movie_actress_305_z.png ရုပ်ရှင်ဇာတ်လမ်းတွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်မည့် မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီး မစ်ရှယ်လ် ယို။ (Photo: AFP)
Photo: AFP

Rome ရုပ်ရှင်ပြပွဲကို လာမယ့် အောက်တိုဘာလ ၂၇ ရက်ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ပြသမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဘဝအပြင် သူ့ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဖော်ကျူးထားတဲ့ ဒီရုပ်ရှင်ဇာတ်လမ်းမှာ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Michelle Yeoh က အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပြီး ပြင်သစ်လူမျိုး ဒါရိုက်တာ Luc Besson က ရိုက်ကူး တင်ပြထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို မိမိအနေနဲ့ အလွန်ပဲ အလေးထားမိကြောင်းနဲ့ ဒီရုပ်ရှင်ဇာတ်ကားက တဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်မယ်၊ မြန်မာ့ ဒီမိုကရေစီအရေးကို ကမ္ဘာက ပိုမို သိရှိနားလည်လာမယ်ဆိုရင် ကျေနပ်ပါပြီလို့ Michelle Yeoh က ပြောပါတယ်။

Michelle Yeoh ဟာ ဒီ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တာကြောင့် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ ကြိုးစားစဉ်မှာ မြန်မာအစိုးရရဲ့ ပိတ်ပင်တားမြစ်ခြင်း ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့